Search This Blog

အားလုံးမင်္ဂလာပါ ဘလော့မှ ကြိုဆိုပါတယ်။

Kyaw Computer Services, Mobile Sales & Services

Kyaw Computer Services, Mobile Sales & Services

ad

Saturday, February 21, 2015

Xiaomi Mi Note ပြည်တွင်း ဈေးကွက်သို့ ဝင်ရောက်


Xiaomi ၏ နောက်ဆုံးထွက် Flagship မော်ဒယ်ဖြစ်သော Mi Note ကို ပြည်တွင်းဈေးကွက် ၌ ဝယ်ယူ နိုင်ပြီ ဖြစ်ကြောင်း သိရသည်။
"ဖေဖော်ဝါရီ လထဲမှာပဲ ဝင်မှာပါ။ အရောင်ကတော့ လောလောဆယ် အဖြူရောင် အရင်ဝင်ပါမယ်။ ဈေး ကတော့ ငါးသိန်း ခြောက်သောင်းလောက် ဖြစ်ပါမယ်။ သူက 64GB အမျိုးအစားပါ" ဟု Mi Myanmar မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Mi Note သည် GSM 2G/3G နှင့် LTE ကွန်ရက်များထိ ထောက်ပံ့ပေးနိုင်ပြီး SIM ကတ်နှစ် ကတ်ထည့်သွင်း အသုံးပြုသော Dual SIM အမျိုးအစား စမတ်ဖုန်းဖြစ်သည်။ မြင်ကွင်းအကျယ် ၅.၇ လက်မရှိသည့် IPS LCD Display ကို အသုံးပြုထားပြီး အမြန်နှုန်း 2.5GHz ရှိသော Quad-core Krait 400 CPU နှင့် Adreno 330 GPU စနစ်များကို အသုံးပြုထားကြောင်း သိရသည်။


မှတ်ဥာဏ်ပမာဏ 3GB RAM နှင့် အချက်အလက် သိုလှောင်နိုင်မှု ပမာဏ 64GB ထိရရှိ နိုင်မည်ဖြစ်ပြီး သိုလှောင်မှုပမာဏ ထပ်မံတိုးမြှင့် အသုံးပြုနိုင်ရန်အတွက် MicroSD ပေါက်မပါဝင်ပေ။ 13 MP နောက်ဘက်ကင်မရာနှင့် 4 MP ရှေ့ဘက် ကင်မရာများကို တပ်ဆင်ထားပြီး  Android OS v4.4.4 (KitKat) နှင့် Li-ion အမျိုးအစား 3000mAh ဘက်ထရီကို  ထည့်သွင်းအသုံးပြု ထားကြောင်းသိရသည်။


အဆိုပါ Xiaomi Mi Note ကို အဖြူရောင် တစ်မျိုးတည်းသာ ဝယ်ယူနိုင်ဦးမည်ဖြစ်ပြီး 64GB အမျိုးအစားမှာ တန်ဖိုး ၅၆၀,၀၀၀ ကျပ်ဝန်းကျင်တွင် ရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။ Xiaomi Mi Note အားအနယ်နယ် အရပ်ရပ်ရှိ Mi Corner ဖွင့်လှစ်ထားသည့် မိုဘိုင်းဖုန်း အရောင်းဆိုင်များနှင့် Xiaomi ထုတ်ကုန်များ ရောင်း ချသည့် မိုဘိုင်းဖုန်း အရောင်းဆိုင်များတွင် ဝယ်ယူနိုင်မည် ဖြစ်သည်။

Internet Journal

No comments:

Post a Comment

ad