Search This Blog

အားလုံးမင်္ဂလာပါ ဘလော့မှ ကြိုဆိုပါတယ်။

Kyaw Computer Services, Mobile Sales & Services

Kyaw Computer Services, Mobile Sales & Services

ad

Thursday, March 5, 2015

Partition တွေကို GPT type ကနေ MBR ပြောင်းပြီး window 2 ခု install လုပ်လို့ရအောင် လုပ်နည်း(၁) CMD ဖြင့်

ဒါလေးကတော့ ကျနော်လက်တွေ့ကြုံဖူးတဲ့ ပြသနာမို့ ညီအကိုတို့ ဖြေရှင်းတတ်အောင် တင်ပေးလိုက်ပါတယ်..
တစ်ခါတစ်လေမှလည်း ပါတတ်တာပါ..
laptop တစ်လုံး ဆိုင်ကနေ ၀ယ်လာပြီး
window 2 ခု တင်လို့မရအောင် company ကနေ
partition တွေကို GPT type ပြောင်းထားတာမျိုးလေးပေါ့....
ကျနော်တို့ window 2 ခု Insatll လုပ်ချင်တာပဲ ဖြစ်ဖြစ် ရှိနေတဲ့ window ပျက်သွားလို့ ပြန်တင်ချင်တာပဲဖြစ်ဖြစ် partition type က GPT ဖြစ်နေရင်
insatall လုပ်လို့ မရပါဘူးးး
ဒါကြောင့် မို့ ဆိုင်ကနေ laptop တစ်လုံးဝယ်လာပြီဆိုရင်
ကိုယ့် laptop ရဲ့ partition က ဘာအမျိုးအစားလဲ ဆိုတာကို
ကြည့်ထားသင့်တယ်ထင်တယ်ဗျာ...
ဒါမှ လုပ်သင့်တာလုပ်ထားရအောင်လို့ပါ......
window ကျသွားပြီး ပြန်တင်ခါမှ GPT type ဖြစ်နေရင်
partition ကို ပြန်ဖျက် အသစ်ပြန်လုပ်မှ ရမှာမို့ပါ..
တစ်ခါ အထဲက data တွေက ကိုယ့်အတွက် အရေးကြီးရင်
window clone လုပ်ပြီး ပြန်ယူရပြန်ရော....
ကဲလေကြောနည်းနည်းရှည်သွားပြီ စရအောင်..
လုပ်နည်း( ၁) ... (window အပြင်ဘက်မှ လုပ်နည်း , cmd ဖြင့်)
ပထမဦးဆုံး ကျနော်တို့ laptop (or) dastop တွေရဲ့ boot key ကို ခေါ်ပြီး
window install လုပ်တဲ့ interface ဆီကို window 7 ခွေနဲ့ဝင်သွားလိုက်ပါ
 (ဘယ် window တင်တဲ့ခွေဖြစ်ဖြစ်ရပါတယ်)
ပြီးရင် Shift+F10 ကို နှိပ်ပြီး command prompt ကို ခေါ်လိုက်ပါ...
ပြီးရင် ''Diskpart'' လို့ ရိုက်ထည့်ပါ........(တခြား ဘာစာသားမှ မပါပါစေနဲ့)
ok ပြီးရင် enter ခေါက်ပါ..
ပြီးရင် ''list disk'' လို့ရိုက် enter ခေါက်ပီး hard disk ကို အရင် စစ်ဆေးကြည့်ပါ .......
ပြီးရင် ''select disk 0'' ရိုက် enter ခေါက်ပြီး ''clean'' ကို နှိပ်ပါ..
ပြီးရင် disk ကို mbr type ပြောင်းရပါ့မယ်.....
''convert mbr'' လို့ ရိုက်ထည့်ပါ.....(GPT type ကနေ MBR type ပြောင်းသွားပါလိမ့်မယ်)
ကျနော်တို့ window တင်မယ့် partition က MBR type ဖြစ်နေမှ windwo 2 ခု Install လုပ်လို့ရမှာပါ..
(တစ်ခုသတိပေးချင်တာလေးကတော့ GPT ကနေ MBR ပြောင်းတဲ့အခါ ကိုယ့်အထဲမှာ ရှိတဲ့ data တွေအကုန်ပျက်မှာပါ..
ဒီတော့ convert မလုပ်ခင် disk မှာ ရှိသမျှ ကိုယ်လိုချင်တဲ့ data တွေကို ext hardisk မှာ ပြောင်းထည့်ထားလိုက်ပါ)
ကဲ ပြောင်းလို့ ပြီးသွားပြီဆိုရင်တော့ partition တွေကို create လုပ်ပါ့မယ်...
''create partition primary size=xxxx'' (xxx.. ကတော့ ကြိုက်သလောက်ရိုက်ထည့်ပါ)
enter ရိုက်ပါ...
''format fs=ntfs quickly'' လိုက်ထပ်ပြီးရိုက်ထည့်ပါ.. ဒါကတော့ disk ကို NTFS ပြောင်းတဲ့နည်းပါ...
ပြီးရင် ''exit'' လို့ရိုက်ပြီး ထွက်လိုက်ပါ....
ကွန်ပျူတာကို restart ချပြီး window ကို ပုံမှန်အတိုင်းပြန်တင်နိုင်ပါပြီ....
ဖတ်ရှုပေးတဲ့သူများအားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ...
('' -- '' အထဲရှိ စာသားများ cmd ထဲတွင် ရိုက်ထည့်ပြီး enter ခေါက်ရမည့် စာသားများဖြစ်သည်.)

No comments:

Post a Comment

ad