Search This Blog

အားလုံးမင်္ဂလာပါ ဘလော့မှ ကြိုဆိုပါတယ်။

Kyaw Computer Services, Mobile Sales & Services

Kyaw Computer Services, Mobile Sales & Services

ad

Sunday, March 1, 2015

♪ ထိုင်းရောက်မြန်မာများအတွက် မိုဘိုင်းဖုန်းမှ ငွေလွှဲနိုင်မည့် ဝန်ဆောင်မှု Telenor စတင် ♫

ထိုင်းရောက်မြန်မာများအတွက် မိုဘိုင်းဖုန်းမှ ငွေလွှဲနိုင်မည့် ဝန်ဆောင်မှု Telenor စတင်လိုက် ကြောင်း Telenor မြန်မာမှ သိရသည်။

ထိုင်းနိုင်ငံတွင် အသုံးပြုနေသော Dtac ဆင်းမ်ကတ်များမှတစ်ဆင့် ငွေလွှဲနိုင်ရန် ဆောင်ရွက် လိုက်ခြင်း ဖြစ်ကြောင်း၊ အဆိုပါဝန်ဆောင်မှုကို စတင်ဆောင်ရွက်ပေးနေကြောင်း Telenor မြန်မာမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာတွေ ဒီကို ငွေလွှဲလို့ရအောင် ဆောင်ရွက်လိုက်တာပါ။ မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ တယ်လီနော ဝန်ဆောင်မှု အသုံးပြုနေတဲ့သူတွေ ဒီ Air time transfer စ နစ်ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်” ဟုပြောကြားသည်။

တယ်လီနောနှင့် Dtac ပူးပေါင်း၍ ဝန်ဆောင်မှုများကိုလည်း ကရင်ပြည်နယ် မြဝတီမြို့တွင် စတင်ပေးနေကြောင်း သိရသည်။

Internet Journal

No comments:

Post a Comment

ad