Search This Blog

အားလုံးမင်္ဂလာပါ ဘလော့မှ ကြိုဆိုပါတယ်။

Kyaw Computer Services, Mobile Sales & Services

Kyaw Computer Services, Mobile Sales & Services

ad

Friday, April 10, 2015

♪ Cyanogen နေရာတွင် အစားထိုးမည့် ကိုယ်ပိုင် Android ဗားရှင်းကို OnePlus ဖြန့်ချိ ♫


တရုတ်ဖုန်းကုမ္ပဏီ OnePlus သည် Samsung နှင့် HTC တို့ကို ယှဉ်ပြိုင်ရန် ကြိုးပမ်းသည့် အနေဖြင့် OnePlus One ဟုခေါ်သည့် ဖုန်းတစ်မျိုးကို ပြီးခဲ့သည့်နှစ်က မိတ်ဆက်ခဲ့သည်။ အဆိုပါ ထုတ်ကုန်တွင် Cyanogen မှ ဖန်တီးထားသည့် Android ဗားရှင်းတစ်မျိုးကို အသုံးပြုခဲ့သော်လည်း ယခုအခါတွင် အဆိုပါ စမတ်ဖုန်းများကို အသုံးပြုသူများက ၎င်းတို့၏ စမတ်ဖုန်းများတွင် download လုပ်ပြီး flash လုပ်နိုင်ရန် အတွက် OxygenOS ဟုခေါ်သည့် ကိုယ်ပိုင် Android ဗားရှင်းကို ကုမ္ပဏီက ဖြန့်ချိပေးခဲ့သည်။

OxgyenOS ကို OnePlus က Android 5.0 Lollipop ပေါ်တွင် အခြေခံကာ ဖန်တီးထားပြီး စွမ်းဆောင်ရည်နှင့် ဘက်ထရီသက်တမ်း စသည်ကဲ့သို့သော လုပ်ဆောင်ချက်များနှင့် feature များကို ထည့်သွင်းပေါင်းစပ်ထားကြောင်း ကုမ္ပဏီ၏ blog post တွင် ဖော်ပြခဲ့သည်။

ထို့အတွက်ကြောင့် OxygenOS သည် Nexus ထုတ်ကုန်များတွင် မြင်တွေ့ရသည့်အတိုင်း အလွန် ကွဲပြားခြားနားခြင်း ရှိမည် မဟုတ်ပေ။ ထို့အပြင် gesture shortcut များ ထည့်သွင်းခြင်း၊ quick settings menu ကို ချဲ့ကာအသုံးပြုခြင်းအပြင် file explorer နှင့် အဆင့်မြင့် option များ စသည့် feature အချို့ကို ထည့်သွင်းထားသည်။

OxygenOS ကို OnePlus Two ကဲ့သို့သော အသစ်ထွက်မည့် ထုတ်ကုန်များတွင် default အနေဖြင့် ပါဝင်လာမည် ဖြစ်သော်လည်း လက်ရှိတွင် အသုံးပြုလိုသူများ အနေဖြင့် OnePlus ဝက်ဘ်ဆိုက်မှတစ်ဆင့် လမ်းညွှန်ချက်များအတိုင်း ထည့်သွင်းအသုံးပြုနိုင်မည်ဟု သိရသည်။

Ref: TheVerge

No comments:

Post a Comment

ad