Search This Blog

အားလုံးမင်္ဂလာပါ ဘလော့မှ ကြိုဆိုပါတယ်။

Kyaw Computer Services, Mobile Sales & Services

Kyaw Computer Services, Mobile Sales & Services

ad

Monday, March 23, 2015

♪ နာမည်ကျော် Android app ၁,၂၀၀ ခန့်တွင် လုံခြုံရေး အားနည်းချက်များ ရှိဟုဆို ♫


FireEye ကုမ္ပဏီရှိ သုတေသီများသည် Google Play store မှ download ပြုလုပ်မှု အကြိမ်အရေအတွက် ၆.၃ ဘီလီယံရှိသည့် Android app ၁,၂၂၈ ခုတွင် FREAK bug အားနည်းချက်များ ရှိကြောင်း ထုတ်ပြန်ခဲ့ သည်။

လုံခြုံရေးကုမ္ပဏီ FireEye သည် Android နှင့် iOS app များအတွင်းရှိ FREAK တိုက်ခိုက်မှု ပြုလုပ်ခံရမည့် အားနည်းချက်များကို သုတေသန ပြုလုပ်ထားသည့် စာတမ်းကို ထုတ်ပြန်ခဲ့သည်။ FREAK ဆိုသည်မှာ အားနည်းချက်ရှိသည့် လုပ်ဆောင် ချက်များကို အသုံးချ၍ ဝက်ဘ်ဆိုက် သို့မဟုတ် operating system များမှ ဆာဗာများသို့ အချက်အလက် ကူးသန်းမှုများအကြားရှိ တိုက်ခိုက်မှု ပြုလုပ်နိုင်သည့် အားနည်းချက် တစ်မျိုးဖြစ်သည်။ ၎င်း အားနည်းချက်ကို man-in-the-middle တိုက်ခိုက်မှုဖြင့် ပေါင်းစပ်ကာ တိုက်ခိုက်မှု များ ပြုလုပ်ပါက အချက်အလက်များကို ကြားဖြတ်ယူနိုင်ပြီး သုံးစွဲသူများ အနေဖြင့်လည်း encryption အဆင့် နိမ့်ပါးစွာဖြင့် ဖုန်းအား အသုံးပြုနေမှုကို သတိမထား မိနိုင်ပေ။

နောက်ဆုံးပေါ် Android နှင့် iOS platform များတွင် အဆိုပါ လုံခြုံရေး ပြဿနာရှိကြောင်း Fire Eye မှဖော်ပြခဲ့ပြီး FREAK သည် platform နှင့် app များတွင်ပါ အားနည်းချက် တစ်ခုဖြစ်လာသည်။ Google နှင့် Apple တို့အနေဖြင့် patch များ ဖြန့်ချိခဲ့ပါကလည်း app များတွင် ဆာဗာများဖြင့် ချိတ်ဆက်သည့်အခါတွင် အဆိုပါ အားနည်းချက်များ ဖြစ်ပေါ်နေလျက် ရှိကြောင်းသိရသည်။

Ref : CNET

No comments:

Post a Comment

ad