Search This Blog

အားလုံးမင်္ဂလာပါ ဘလော့မှ ကြိုဆိုပါတယ်။

Kyaw Computer Services, Mobile Sales & Services

Kyaw Computer Services, Mobile Sales & Services

ad

Monday, March 23, 2015

♪ အလုပ်အကိုင်ရှာဖွေရေး LinkedIn ဝန်ဆောင်မှု Android app ထွက်ရှိလာ ♫


ကမ္ဘာ့အကြီးဆုံး အလုပ်အကိုင်ရှာဖွေရေး လူမှုရေးကွန်ရက် LinkedIn သည် အလုပ်အကိုင် ရှာဖွေရာတွင် လွယ်ကူမှုရှိစေရန်အတွက် ၎င်း၏ app ကို Google Play Store မှတစ်ဆင့် ဖြန့်ချီပေးခဲ့သည်။

LinkedIn app သည် သုံးစွဲသူက သတ်မှတ်ထားသော အလုပ်၊ အလုပ်တည်နေရာနှင့် စကားလုံး တို့အပေါ်တွင် အခြေခံ၍ အလုပ်အကိုင်များကို ရှာဖွေပေးမည် ဖြစ်သည်။ LinkedIn ၏ Android app မှ အဓိကစာမျက်နှာ အပေါ်ဘက်ရှိ ဘယ်နှင့်ညာ navigation menu များသည် အလုပ်အကိုင်နှင့် ပတ်သက် သည့် အရည်အချင်းများကို အသေးစိတ် ရှာဖွေလိုသည့်အခါတွင် အသုံးပြုနိုင်သည်။

ထို့အပြင် အဆိုပါ app သည် သုံးစွဲသူများ၏ LinkedIn profile နှင့် ယခင်ရှာဖွေမှု အဟောင်းများကို အခြေပြု၍ အလုပ်အကိုင်များကို ဖော်ပြပေးသွားမည် ဖြစ်သည်။ LinkedIn profile ကို အသုံးပြုပြီး ၎င်း app ဖြင့် အလုပ်အကိုင်များ လျှောက်ထားရာ အလွန်လွယ်ကူလာကြောင်း သိရသည်။

သုံးစွဲသူများသည် LinkedIn app တွင် မိမိတို့နှင့် ကိုက်ညီသည့် အလုပ်များ ထွက်ပေါ်လာကာ သတိပြုစေရန် သတိပေးချက်များကို သတ်မှတ်ထားနိုင်သည်။ LinkedIn app ၏ ထူးခြားချက်မှာ သုံးစွဲသူတစ်ဦးချင်း၏ လုပ်ဆောင်ချက်များကို လူမှုရေးကွန်ရက်တစ်ခုလုံးက မမြင်တွေ့နိုင်ခြင်း ဖြစ်သည်။

Ref: SlashGear

Internet Journal

No comments:

Post a Comment

ad