Search This Blog

အားလုံးမင်္ဂလာပါ ဘလော့မှ ကြိုဆိုပါတယ်။

Kyaw Computer Services, Mobile Sales & Services

Kyaw Computer Services, Mobile Sales & Services

ad

Wednesday, March 4, 2015

Odin ကို အသုံးပြုပြီး Samsung ဖုန်း/Tablet အားလုံးကို Flash Rom အလွယ်တကူ တင်ယူနည်း

Odin ကို အသုံးပြုပြီး Samsung ဖုန်း/Tablet အားလုံးကို Flash Rom  အလွယ်တကူ တင်ယူနည်း
မင်္ဂလာပါ
ဒီတစ်ခါ ကျနော်ပြန်လည်မျှ ဝေချင်တာလေးကတော့
Odin ကို အသုံးပြုပြီး Samsung ဖုန်း/Tablet အားလုံးကို
Flash Rom  အလွယ်တကူ တင်ယူနည်းလေးကို အားလုံး
အတွက် တင်ပေးလိုက်ပါတယ်။

ကျနော်ဆိုက်လေးကို လာရောက်အားပေးနေကြတဲ့
ချစ်ပရိတ်သတ်ကြီးများနဲ့ တစ်ခြားသော နည်းပညာညီအကိုတွေရဲ့
ဆိုက်တွေမှာလည်း ကျနော်ပြန်လည်တစ်ဆင့်မျှ ဝေထားတဲ့
နည်းပညာတွေကိုလည်း စဉ်ဆက်မပြတ်အားပေးနေကြတဲ့
သူတွေကတော့ ကျနော်တင်ပေးခဲ့သမျှ နည်းပညာအားလုံးကို
 သတိထားမိကြမယ်လို့ထင်ပါတယ်။

အဲဒီနည်းပညာတွေထဲကမှ ကျနော် ဒီ Samsung Device တွေနဲ့
တစ်ခြားသော ဖုန်း Brands အားလုံးကို Firmware တင်နည်းနဲ့
Root လုပ်နည်းများကို တင်ပေးလာခဲ့တာ အတော်လေး စုံနေခဲ့ပြီ
ထင်ပါတယ်။

 အဲဒီအထဲကမှ Android ဖုန်း tablet အားလုံးမှာ ဖုန်း၊ tablet မှ 
တိုက်ရိုက် ဗားရှင်းမြှင့်တင်နည်းနဲ့ ကွန်ပျူ တာမှ တင်နည်းများအပြည့်အစုံ 
ဆိုတဲ့ ပိုစ့်မှာ ဒီအကြောင်းနဲ့ပတ်သက်လို့ တင်ပေးခဲ့ဖူးပါတယ်။



မသိလိုက်ရသေးတဲ့ ညီအကိုတွေကတော့ အောက်ကလင့်မှာ
ဝင်လေ့လာကြည့်လိုက်ပါ။


Android ဖုန်း tablet အားလုံးမှာ ဖုန်း၊ tablet မှ တိုက်ရိုက် ဗားရှင်းမြှင့်တင်နည်းနဲ့ ကွန်ပျူ တာမှ တင်နည်းများအပြည့်အစုံ


MIUI ROM တင်နည်း ဆိုရင်ကို ဖုန်းနဲ့ ကွန်ပျူ တွေမှာ တဆင့် အလွယ်ကူဆုံး Firmware တင်နည်းကိုတော့ အောက်ကလင့်မှာ ၀င်ကြည့်လိုက်ပါ 


 အသစ်သွင်သစ်နဲ့ သိပ်လန်းချင်တယ်ဆိုတဲ့ သူများအတွက် Offical MIUI ROM တင်နည်း For Redmi 1S, Mi4, Mi3, Note, Pad အပြည့်အစုံ

 ဒီတစ်ခါ Odin ကို အသုံးပြုပြီး Samsung ဖုန်း/Tablet အားလုံးကို
Flash Rom  အလွယ်တကူ တင်ယူနည်း ဆိုပြီး ပိုစ့်တစ်ခု
 သီးသန့်လေ့လာရအောင်လို့ဆိုပြီး ဒီပိုစ့်လေးကို ရေးဖြစ်သွားတာပါ။

ကိုယ်က Pro ကြီးတစ်ယောက်ကဲ့သို့ သို့မဟုတ် Technical ကြီးကဲ့သို့ အကျွမ်းကျင်ကြီးမဟုတောင်မှ နေ့စဉ်အင်တာနက်လေးအသုံးပြုရင်း
ရရှိလာတဲ့ နည်းပညာတွေရဲ့ တစ်စိတ်တဒေသမှ အမြတ်အစွန်းလေး
ထုပ်ယူနိုင်အောင်။

 ပြီးတော့ ဖုန်းကို ကလစ်ကြည့်တာလေးကို ၀ါသနာပါတယ်ဆိုရင်ပေါ့
 ကွန်ပျူ တာလည်း လိုအပ်တဲ့အခါ အနားမှာရှိနေတယ်၊ တစ်ခြားဖုန်း/Tablet တွေအတွက်
 လိုအပ်နေတဲ့ ROM များကို ဘယ်တော့ပဲဖြစ်ဖြစ် အင်တာနက်လေး အဆင်ပြေနေတာနဲ့
ဒေါင်းလေ့အချိန်မရွေး ဒေါင်းလော့ရယူနိုင်တယ်။

 တစ်ခြားသော နည်းပညာ ညီအကိုတွေလည်း ပြန်လည်မျှ ဝေထားကြတဲ့
 ဆိုက်များစုံနေတယ်ဆိုရင်တော့ သင့်အတွက် လေ့လာလိုတဲ့စိတ်နဲ့ ကလစ်လိုတဲ့စိတ်
အဆုံးပြောရရင်ဗျာ ဘာလုပ်လို့ လုပ်လိုက်မှန်းမသိပဲ ဖုန်းက Logo လောက်မှာပဲ
ရပ်နေတာတော့ Samsung ဆိုပြီး စာတန်းလောက်ပဲ ပေါ်နေတဲ့အခါတော့မှာ
အပေါ်က ကျနော်ပြောခဲ့တဲ့ အထောက်အကူများနဲ့လည်း ပြည့်စုံနေတယ်ဆိုရင်တော့
ကိုယ့်အားကိုယ်ကိုးတတ်တဲ့ စိတ်ကလေးနဲ့ ကလစ်နိုင်မယ့် တစ်ခုတည်းသော
နည်းလမ်းလေးကတော့ Odin ကိုအသုံးပြု ပြီး အဖြစ်နိုင်ဆုံး Flash ROM တင်နည်း
လေးပဲဖြစ်ပါတယ်။

Odin ဆိုတာဘာလဲ
============
Odin ကိုအသုံးပြု ခြင်းဆိုင်ရာကို လေ့လာတော့မယ်ဆိုရင်တော့
Odin ဆိုတာဘာလဲဆိုတာကိုတော့ သိထားသင့်တာပေါ့
ကျနော် လက်လှမ်းမှီသလောက် ပြောကြည့်ပါမယ်။

Odin ဆိုတာကတော့ ဟိုနှစ်အနည်းငယ်လောက် Samsung Company မှ
ထုပ်လုပ်ထားတဲ့ ဆော့ဝဲတစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် ဒီဆော့ဝဲကို
Official မှ တိုက်ရိုက်ချပေးလာတဲ့ Firmware များကို Flash Rom တင်ဖို့
ရန်အတွက် အထူးထုတ်လုပ်ထားတာပဲဖြစ်ပါတယ်။

ဒီ Odin ဆော့ဝဲကတော့ Flash Rom ဆိုင်ရာ Stock Rom တင်ဖို့ရန်
အကောင်းဆုံး ဆော့ဝဲလည်းဖြစ်သလို Firmware တင်ခြင်းကိစ္စ
အဆင်မပြေရင်တော့ အန္တရာယ်များတဲ့ ဆော့ဝဲလည်းဖြစ်ပါတယ်။

အခန့်မသင့်ရင်တော့ ဖုန်း System တစ်ခုလုံးဟာ ပျက်စီးတတ်တာမျိုးထိ
ဖြစ်တတ်ပါသေးတယ်။ တကယ်လို့ ဒီ Odin ဆော့ဝဲကိုသာ အသုံးပြု မယ်
ဆိုရင်တော့ သူ့ရဲ့အားသက်ချက်နဲ့ အားနည်ချက် ပြီးရင် သူ့ကို
အသုံးပြု တတ်လာအောင် Software ရဲ့ အသုံးပြု နည်းများကိုလည်း
အသေအချာ သိထားရမှာလည်းဖြစ်ပါတယ်။

Odin ကို အသုံးပြုပြီး Samsung ဖုန်း/Tablet အားလုံးကို
 Flash Rom  အလွယ်တကူ တင်ယူနည်း
======================= 
၁။ ပထမဆုံး Odin ရဲ့ နောက်ဆုံးဗားရှင်းကို
 အောက်လင့်မှာရယူလိုက်ပါ။

Download Odin 3.09

OR

Download Odin 3.09

တစ်ခြားသော ဗားရှင်းများကို အလိုရှိရင်တော့ အောက်ကလင့်မှာ
ဒေါင်းလော့ရယူလိုက်ပါ။

ဖုန်းကလစ်သူနဲ့ Service သမားတွေအတွက် Odin ဗားရှင်းအားလုံးကို တစ်နေရာတည်းမှာ ရယူနိုင်ပါပြီ

 ၂။ ဒေါင်းလော့ရလာတဲ့ Odin Zip ဖိုင်ကို Extract Files ဖြင့်
ဖြေလိုက်ပါ အောက်ကပုံအတိုင်းမြင်နေရပါလိမ့်မယ်။
၃။ Samsung Firmware များကိုတော့ အလွယ်တကူ ဒေါင်းလော့ရယူနိုင်ဖို့ရန်အတွက်
သင့်မှာ Official မှာ အကောက်တစ်ခုလောက်တော့ Register လုပ်ထားတာ
ပိုကောင်းလိမ့်မယ်ထင်ပါတယ်။

ဘာကြောင့်လည်းဆိုတော့ Official မဟုတ်တဲ့
ဆိုက်တွေမှာ ဒေါင်းလော့ရယူရတာကတော့ သိပ်အဆင်မပြေပါဘူး ပြီးတော့
သိပ်စိတ်မချရဘူးပေါ့ Official ရဲ့ Firmware ကိုသာ ဒေါင်းလော့ရယူပါလို့ အကြံပြုချင်ပါတယ်
အကောက်အသစ်ဖွင့်နည်းနဲ့ ဒေါင်းလော့ရယူနည်းကို အောက်ကလင့်မှာ
လော့လာကြည့်လိုက်ပါ။

www.sammobile.com မှာအကောက်တစ်ခု အလွယ်တကူ ဖွင့်ယူပြီး Samsung Official ရဲ့ Firmware အားလုံးကို လိုသလောက်ဒေါင်းလော့ယူနိုင်ပါပြီ  

၎။ Samsung Phone Drivers များကိုတော့ အောက်ကလင့်မှာ
ဒေါင်းလော့ရယူလိုက်ပါ။

 Samsung USB Drivers များကို ဖုန်းအမျိုးအစားအလိုက် စိတ်ကြို က်ရွေးချယ် ဒေါင်းလော့ရယူနိုင်ပါပြီ

၅။ ဖုန်းရဲ့ပါဝါကိုပိတ်လိုက်ပါ။အောက်ကပုံကိုကြည့်ပါ။
 ၆။ ဖုန်းကို Download Mode ၀င်ပေးရမှာဖြစ်ပါတယ်။
Volume Down Key, Home Button and Power key
 ကိုတွဲနှိပ်ထားပါ အနည်းဆုံး 5 to 8 မိနစ်လောက်တွဲနှိပ်ပေးလိုက်ပါ။
 ၇။ တကယ်လို့ မလုပ်တတ်သေးရင်တော့ အောက်ကလင့်မှာ
ဝင်လေ့လာကြည့်လိုက်ပါ။

Samsung Galaxy ဖုန်းတွေအတွက် အလွယ်တကူ Download Mode ၀င်နည်း 

၈။ Odin 3 v.09 ကို Right Click ထောက်ပြီး
 Run as administer ဖြင့်ဖွင့်လိုက်ပါ။
  ၉။ ဖုန်းကို Download Mode ၀င်ပြီး၊ Odin ကိုလည်း ဖွင့်ပြီးရင်တော့
ဖုန်းနဲ့ကွန်ပျူ တာကိုချိတ်ဆက်လိုက်ပါ အောက်ပုံကို ကြည့်လိုက်ပါ။

Odin ကိုဖွင့်ပြီးလို့ ဖုန်းနဲ့ကွန်ပျူ တာ ချိတ်ဆက်လိုက်တဲ့အခါ
အောက်ကပုံလေးအတိုင်း Odin မှာ Message လို့ပြီးနေပြီး
ID:COM နေရာမှာ အပြာရောင်လေး မြင်နေရရင်တော့ Odin က
မိမိဖုန်းကို သိနေပါပြီ အသင့်အနေအထားကို ရောက်နေပါပြီ။
၁၀။ Odin ကမိမိဖုန်းနဲ့ အချိတ်အဆက်မလို့အသင့်အနေအထား
ဖြစ်နေတဲ့အခါ Odin မှ PAD ဆိုတာကို တစ်ချက်နှိပ်လိုက်ပါ။
 ၁၁။ Odin က PAD ဆိုတာကိုနှိပ်လိုက်ပြီးတာနဲ့ စောနားက
မိမိဒေါင်းလော့ရယူထားတဲ့ Firmware ရှိတဲ့ Folder ထဲက
Firmware tar ဖိုင်ကို ရွေးပေးလိုက်ပါ ပြီးရင် Open ကိုနှိပ်လိုက်ပါ။
၁၂။ Firmware tar ဖိုင်ကို ရွေးပြီးလို့ အောက်ကပုံအတိုင်း
PAD နေရာမှာ Firmware tar ဖိုင်လေးရောက်နေပြီးဆိုရင်တော့
ကျနော် အနီရောင်လေးနဲ့ ၀ိုင်းပြထားတဲ့ နေရာလေးတွေကို
အသေအချာစစ်ဆေးကြည့်ပါ။

Odin Option ဆိုင်ရာ နည်းလမ်း (၁)
================ 
 အောက်မြင်နေရတဲ့ Odin Option ထဲမှာတော့

၁။ ID:COM နေရာမှာ အပြာရောင်လေး ဖြင့် ပြနေရပါမယ်။
၂။ Auto Reboot and F. Reset Time နေရာတွေမှာ အမှခြစ်ပေးထားရပါမယ်။
 ၃။ တစ်ခြားသော PAD နေရာမှာ အသစ်တင်ယူမယ့် Firmware tar ဖိုင်ရှိနေပါမယ်။
၎။ ပြီးတော့ Message နေရာမှာလည်း Message အနေဖြင့်
စာတန်းလေးတွေဖေါ်ပြနေပါလိမ့်မယ်။

အထက်ပါလိုအပ်ချက်တွေအားလုံး အဆင်ပြေပြီး အသင့်အနေအထား
ဖြစ်နေခဲ့ရင်တော့ Firmware တင်ဖို့ရန်အတွက် Start ဆိုတာကို နှိပ်လိုက်ပါ။

Start ဆိုတာကိုနှိပ်လိုက်ပြီးတာနဲ့ ဖုန်းနဲ့ကွန်ပျူ တာချိတ်ဆက်ထားတဲ့
USB ကြိုးကို လုံးဝမဖြုတ်မိပါစေနဲ့ ဘာမှထပ်လုပ်စရာမလိုတော့ပါ ဒီအတိုင်း
စောင့်ကြည့်နေလိုက်ရုံပါ။ 



Odin Option ဆိုင်ရာ နည်းလမ်း (၂)
=================
တကယ်လို့ မိမိဒေါင်းလော့ရယူလာတဲ့ Firmware မှာ
Pit, နေရာမှာ ထည့်ပေးရမယ့် Pit နာမည်နဲ့ ပါတဲ့ File ပါလာခဲ့ရင်
ပြီးတော့ Bootloader, PAD, Phone, CSC စသည်ဖြင့် သူတို့အတွက်
တစ်ခုချင်းစီနာမည်နဲ့ ပါလာခဲ့ရင်တော့ အောက်ကပုံလေးနဲ့ စာကို
အသေအချာ ဖတ်ကြည့်လိုက်ပါ။

 (က) ဖုန်းကို USB ကြိုးနဲ့ ချိတ်ဆက်လိုက်တဲ့အခါ အပေါ်ဆုံးက
ID: COM နေရာမှာ အပြာရောင်လေးပြနေရပါမယ်။

(ခ) ဒုတိယအနီရောင်လေးအတန်းမှာ ကျနော် အမှန်ခြစ်ပေးထားတာ
တွေပါလိမ့်မယ်၊တကယ်တော့ Odin ကိုဖွင့်လိုက်တာနဲ့ အဲဒီနှစ်နေရာမှာ
အမှန်ခြစ်က Auto ခြစ်ထားပြီးသားဖြစ်နေတာပါ။ တကယ်လို့အမှန်ခြစ်လေး
ရှိမနေခဲ့ရင်တော့ အမှန်ဖြစ်ပေးထားပေးပါ။

(ဂ) တတိယမြောက် အနီရောင်နဲ့ဝိုင်းပြထားတဲ့
Pit စသည်ဖြင့် သူ့အောက်မှာ လေးခုပါဝင်ပါတယ်။

 (ဃ) ဖုန်းရဲ့အမျိုးအစားအလိုက် ဒီနေရာမှာ အနည်းငယ်ကွဲပြားခြားနားကြပါတယ်၊
မိမိဒေါင်းလော့ရယူလာတဲ့ Firmware ထဲမှာ တကယ်လို့
သင့်ဖုန်းအမျိုးအစားအရ လေးခုလုံး လိုအပ်တယ်ဆိုရင်တော့ Official ရဲ့
Firmware မှာတင် တစ်ခါတည်းတန်းပါလာပြီးသားဖြစ်ပါတယ်။

(င) တစ်ခုချင်းစီကို ထည့်ဖို့ရန်အတွက် Pit ဆိုရင် Pit ဆိုတဲ့စာသားကို
 တစ်ချက်နှိပ်လိုက်ပြီးရင်စောနားက ဒေါင်းလော့ရယူထားတဲ့ Firmware ဖိုင်ထဲက
 Pit နာမည်နဲ့ ပါတဲ့ File ကိုရွေးပေးရမှာဖြစ်သလို တစ်ခြား Bootloader, 
PAD, Phone, CSC စသည်ဖြင့် တစ်ခုချင်းစီကို ရွေးထည့်ပေးရမှာဖြစ်ပါတယ်။

(စ) ID: COM နေရာမှာ အပြာလေးပြထာနဲ့ Message ဆိုနေရာမှာ
စာတန်းအနည်းငယ်ပေါ်လာပါလိမ့်မယ်။ အောက်ကပုံကိုအသေအချာ
ကြည့်ပါ၊ အားလုံး အသင့်ဖြစ်ပြီဆိုရင်တော့ Start ဆိုတာကို နှိပ်ပေးလိုက်ပါ။

(ဆ) Start ဆိုတာကိုနှိပ်လိုက်ပြီးတာနဲ့ ဖုန်းနဲ့ကွန်ပျူ တာချိတ်ဆက်ထားတဲ့
USB ကြိုးကို လုံးဝမဖြုတ်မိပါစေနဲ့ ဘာမှထပ်လုပ်စရာမလိုတော့ပါ ဒီအတိုင်း
စောင့်ကြည့်နေလိုက်ရုံပါ။

 ၁၃။ အချိန်နည်းငယ်ကြာပြီပါမည်။ ID: COM စာတန်းရဲ့အထက်
bottom နေရာမှာ အစိမ်းရောင်အတန်းလေး စတင်ပြေးနေပါလိမ့်မယ်
အဲဒီအရောင်လေး စတင်ပြီဆိုတာနဲ့ မိမိဖုန်းမှာလည်း Firmware ကို
စတင် install လုပ်နေပါပြီ။ အချိန်အနည်းငယ်စောင့်နေလိုက်ပါ။
အစိမ်းရောင်တန်းလေး ပြီးတဲ့သွားတဲ့အထိ သွားမှာဖြစ်ပါတယ်။

 ၁၄။ အစိမ်းရောင်အတန်းလေး ပြည့်ပြီးတာနဲ့ အောက်ကုံအတိုင်း
Odin မှာ Pass ဆိုပြီး ပြနေပါလိမ့်မယ်။

Message နေရာမှာလည်း Success ဆိုပြီး
စာသားတွေပြနေပါလိမ့်မယ်။

ဖုန်းမှာလည်း Firmware ကို install လုပ်ပြီးလို့
Reboot ကျသွားပါလိမ့်မယ်။

 ဖုန်း ပါဝါပွင့်ပြီးတက်လာတဲ့အခါမှ Odin မှ Exit ဆိုတာကို
နှိပ်လိုက်ပြီး ဖုန်းနဲ့ ကွန်ပျူ တာချိတ်ဆက်ထားတဲ့ USB ကြိုးကို အားရပါးရသာ
ဖြု တ်လိုက်ပါတော့ဗျာ...

 (Odin Option နည်းလမ်း (၁) အရ အောင်မြင်တဲ့ပုံ)
 (Odin Option နည်းလမ်း (၂) အရ အောင်မြင်တဲ့ပုံ)

အထက်ပါ Odin ကိုအသုံးပြု ပြီး Firmware တင်နည်းသည်
စိတ်ချရပါသည်။ ဒီနည်းနဲ့ တင်ယူမယ်ဆိုရင်တော့ မိမိဖုန်းကို
Official ကချပေးတဲ့ နောက်ဆုံးဆိုတဲ့ Firmware တွေကို စိတ်ကြိုက်
install လုပ်ယူနိုင်မှာ ဖြစ်ပါကြောင်းခင်ဗျား....
 
 ကျနော်ကိုယ်တိုင် Tutorial လုပ်ပြီးတင်ပေးသွားဖို့ရှိပါတယ်
အခုတော့ Official ရဲ့ Video Tutorial လေးကို တင်ပေးလိုက်ပါတယ်
အောက်မှာ လေ့လာကြည့်လိုက်ပါ။



အားလုံးပဲ အဆင်ပြေအောင်မြင်ကြလိမ့်မယ်လို့
မျှော်လင့်ပါတယ်

ခင်မင်လေးစားလျှက်

အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)

No comments:

Post a Comment

ad