Search This Blog

အားလုံးမင်္ဂလာပါ ဘလော့မှ ကြိုဆိုပါတယ်။

Kyaw Computer Services, Mobile Sales & Services

Kyaw Computer Services, Mobile Sales & Services

ad

Wednesday, March 4, 2015

Samsung Galaxy ဖုန်း Tablet အားလုံးကို Recovery Mode ၀င်နည်း

Samsung Galaxy ဖုန်းတွေ Recovery Mode ၀င်နည်း
မင်္ဂလာပါ
 Samsung Galaxy ဖုန်းအားလုံးကို Recovery Mode ၀င်နည်း
လေးကို အားလုံးအတွက် ပြန်လည်မျှဝေလိုက်ပါတယ်
 ကျနော်ဒီပိုစ့်လေးကို တင်ပေးမယ် တင်ပေးမယ်နဲ့ အခုမှ တင်ပေး
ဖြစ်တော့တယ်။ သိပြီးသား ညီအကိုတွေကတော့ ကျော်သွားလိုက်ပါ
မသိသေးတဲ့ ညီအကိုတွေကတော့ လုံးဝသိထားရမယ့် အပိုင်းပါ။

ဒီ  Recovery Mode ၀င်နည်းဆိုတာက အထူးသဖြင့် Samsung ဖုန်း
Tablet တွေမှာ Odin ကိုအသုံးပြု ပြီး Stock Rom စသည်ဖြင့် Rom
အသစ်တင်တဲ့အခါ  Recovery Mode ၀င်ပြီး
Wipe Data/factory reset ပြုလုပ်ရတဲ့အခါပဲ ဖြစ်ဖြစ်

 Lock Pattern ဖြေမရတဲ့အခါ Reset Factory လုပ်ယူတာမျိုး
ပြီးတော့ ဖုန်းတစ်ခုလုံးကို Reset Factory ချလိုတဲ့အခါပဲဖြစ်ဖြစ်

Root လုပ်ပြီးမြန်မာဖောင့်အမှန်မထည့်မိတဲ့အခါ အကြောင်းအမျိုးမျိုးကြောင့်
ဖုန်းက ပြန်တက်မလာတော့ပဲ Logo မှာ ရပ်နေတဲ့အခါမျိုးမှာ အရေးပေါ်
Recovery Mode ထဲကို ၀င်ပြီး Reset Factory လုပ်ယူရတာမျိုးတို့မှာ
တအားလုံးအသုံးဝင်ပါတယ်။

 အပေါ်ကကျနော် ပြောပြာခဲ့သလိုပါပဲ ဒီ Recovery Mode ဟာ
ဖုန်းတစ်ခုလုံးရဲ့ ပြသနာတွေကို ဖြေရှင်းဖို့ ဘယ်လောက်ထိ အသုံး
ဝင်သလဲဆိုတာကို သဘောပေါက်လောက်ပါပြီ၊ ဆိုရင်တော့ ဒီလောက်
အရေးပါနေတဲ့ Recovery Mode ၀င်နည်းကို အလွယ်တကူပြု လုပ်နိုင်မယ့်
နည်းလမ်းကို လေ့လာထားသင့်တော့ပဲပေါ့

ကဲဗျာ တကယ်လို့ သင့်အတွက် အရေးပေါ် Recovery Mode ၀င်ရမယ်ဆိုတဲ့
အခါမှာတော့ Samsung ဖုန်းတွေတော်တော်များများ Tablet တွေအတွက်ကတော့
 ဒီနည်းနဲ့ Recovery Mode ထဲဝင်လို့ရပါတယ်။

 Samsung Galaxy ဖုန်းအားလုံးကို Recovery Mode ၀င်နည်း
==========================

၁။ Phone ကို ပါဝါပိတ်လိုက်ပါ။ သေချာသွားအောင်
Battery ကို ၁၀ စက္ကန့်လောက်ဖြုတ်ထားလိုက်ပါ။ ပြီးရင်ပြန်တပ်ပါ။

 ၂။ ပြန်တပ်ပြီးရင် "Volume Up + Home + Power Button" ကို ပြိုင်တူနှိပ်ပါ။
  ၃။ ပြိုင်တူနှိပ်လိုက်တာနဲ့  ပါဝါပွင့်လာမယ်။ Samsung Galaxy ဘာညာပေါ့လေ။

၎။ အဲ့အချိန်ကျရင် Power button ကို လွတ်လိုက်ပါ။

၅။ ကျန်တဲ့ နှစ်ခုကိုတော့ နောက်ထပ် ၅စက္ကန့်လောက် ဖိထားပေးပါ။
၅စက္ကန့်ပြည့်ရင် အကုန်လုံးလွတ်လိုက်ပါ။
ခဏကြာတာနဲ့ Android ရုပ်လေးနဲ့ ပေါ်လာတဲ့နေရာရောက်ရင်တော့
 Recovery Mode ထဲရောက်သွားတာဖြစ်ပါတယ်။
 အောက်ကပုံလေးကိုကြည့်လိုက်ပါ။


(မှတ်ချက်) အပေါ်ကပုံအတိုင်းတက်လာမှ Recovery Mode ၀င်တာ
မှန်တယ်လို့မပြောလိုပါဘူး ပုံစံအမျိုးမျိုးတက်လာတတ်ပါတယ်
ဒါပေမယ့် Samsung Device မှန်ရင်တော့ နည်းလမ်းကတော့ 
အားလုံးနည်းပါး တူကြပါတယ်။

အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
 www.zunite.org

FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား ဇူးနစ်(နည်းပညာ) ဆိုက်မှာ ဖုန်းဆော့ဝဲ ဂိမ်းများ သတင်းစသော အသစ်ကလေးများကို အချိန်နဲ့တစ်ပြေးညီ တင်ပေးနေတာမို့ FB Page လေးကို  LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတယ်)


**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

   Download

No comments:

Post a Comment

ad