Search This Blog

အားလုံးမင်္ဂလာပါ ဘလော့မှ ကြိုဆိုပါတယ်။

Kyaw Computer Services, Mobile Sales & Services

Kyaw Computer Services, Mobile Sales & Services

ad

Sunday, April 5, 2015

♪ အရည်အသွေးနိမ့် ဖုန်းအားသွင်းကြိုးနှင့် ဆက်စပ်ပစ္စည်းများ အသုံးပြုလျှင် အန္တရာယ်ဖြစ်စေနိုင် ♫

ဈေးပေါပြီး အရည်အသွေးမပြည့်မီသည့် ဖုန်းအားသွင်း ကြိုးနှင့် ဘက်ထရီအပိုကဲ့သို့ ပစ္စည်းများဝယ်ယူ အသုံးပြုမိပါက လူကို အန္တရာယ်ဖြစ်စေနိုင်သည့် ပြဿနာများနှင့် ကြုံတွေ့ရနိုင်ကြောင်း မိုဘိုင်းဖုန်း အရောင်း ဆိုင်များနှင့် ပညာရှင်များက အကြံပြုပြောကြားသည်။

‘‘ပြီးခဲ့တဲ့ရက်ပိုင်းက ဖုန်းအ တွက် ဘက်ထရီအပိုတစ်လုံးဝယ် ခဲ့တယ်။ ဈေးကလည်း သိပ်မပေး ရဘူးဆိုတော့။  ရက်ပိုင်းပဲ သုံးရ သေးတယ်  အဲဒီဘက်ထရီက ဖောင်းပြီး ကြွတက်လာတဲ့အတွက် ထပေါက်မှာစိုးလို့ ဖြုတ်ထားလိုက်ရတယ်’’ဟု မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ အလုပ်အမှုဆောင် ဦးဇော်ဝင်းထွန်းကပြောသည်။

    ထို့အပြင်ဈေးပေါလွန်း သည့် အရည်အသွေးနိမ့်ဖုန်းအား သွင်းကြိုးများမှာလည်း အားသွင်း ပါက အပူလွန်ကဲခြင်း၊ မီးအား မငြိမ်ပါက အလိုအလျှောက်ဖြတ် တောက်ပေးသည့် စနစ်မပါသည့် အတွက် ဖုန်းတွင် ရှော့ခ်ဖြစ်နိုင် ခြင်းတို့   ကြုံတွေ့ရနိုင်ကြောင်း ကျွမ်းကျင်သူများက  သုံးသပ် သည်။

ယခုနှစ်ပိုင်းအတွင်း  မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းအသုံးပြုသူ များပြားလာသည့်အတွက် တရုတ်နိုင်ငံဘက်မှ ဈေးပေါသည့် ဟန်း ဆက်များဝင်ရောက်လာသကဲ့သို့ အရည်အသွေးမပြည့်မီဘဲ ဈေး ပေါပေါဖြင့် တင်သွင်းလာသည့် ဖုန်းအပိုပစ္စည်းများလည်း အများ အပြားဝင်ရောက်လာကြောင်း မို ဘိုင်းဖုန်းအရောင်းဆိုင်များမှ တာ ၀န်ရှိသူများကပြောသည်။

‘‘တရုတ်ပြည်ဘက်က ဖုန်း အပိုပစ္စည်းတွေကို ဘယ်ဈေးနဲ့ လိုချင်လဲဆိုတာ ပြောလို့ရတယ်။ ဥပမာတစ်ခုကို တစ်ထောင်နဲ့ ပြန် ရောင်းချင်တယ်ဆိုရင် အဲဒီဈေးနဲ့ ရောင်းလို့ရအောင် ထုတ်ပေး တယ်။ ရောင်းဈေးက တစ်ခုကိုမှ တစ်ထောင်ဆိုတော့ အရင်းနည်း နည်းနဲ့ ထုတ်တော့ အထဲက ပစ္စည်းတွေကလည်း အရည်အ သွေးမကောင်းတော့ဘူးလေ’’ဟု Mr.Fone မိုဘိုင်းဖုန်းအရောင်း ဆိုင် စီမံခန့်ခွဲရေးမန်နေဂျာ ကို တင်အောင်လွင်ကပြောသည်။

ဈေးကွက်အတွင်း၌ ထိပ် တန်းဖုန်းကုမ္ပဏီများမှ ထုတ်လုပ် သည့်အရည်အသွေးကောင်းမွန် သည့် အားသွင်းကြိုးများနှင့် ဘက်ထရီအပိုကဲ့သို့  ဖုန်းအပိုပစ္စည်း များရှိသော်လည်း ဈေးနှုန်းကြီးမြင့်သည့်အတွက် အခြေခံလူတန်း စားများ ၀ယ်ယူအသုံးပြုနိုင်ခြင်း မရှိသောကြောင့် ယခုကဲ့သို့ ဈေးပေါပြီး အရည်အသွေး နိမ့်သည့် ပစ္စည်းများ ၀င်ရောက်လာခြင်းဖြစ်ကြောင်း အထက်ပါတာဝန်ရှိ သူများကပြောသည်။

‘‘အခြေခံလူတန်းစားတွေရဲ့ လိုအပ်ချက်အရ ဈေးပေါပြီး အ ရည်အသွေးမမီတဲ့ ပစ္စည်းတွေ အများအပြား ၀င်ရောက်လာတာ ဖြစ်ပါတယ်။  တကယ်တော့ ဈေးနှုန်းသင့်ပြီး အရည်အသွေး ကောင်းမွန်တဲ့ ဖုန်းအပို ပစ္စည်းတွေလည်း ဈေးကွက်ထဲမှာ ရှိနေပါ တယ်။ အဲဒါမျိုးတွေကို ရွေးချယ် ပြီး သုံးနိုင်မယ်ဆိုရင် ပိုပြီးအဆင် ပြေနိုင်ပါတယ်’’ဟု လူကြီးမင်း မို ဘိုင်းဖုန်းအရောင်းဆိုင်မှ ဒါရိုက် တာ ကိုစည်သူကပြောသည်။
အရည်အသွေးနိမ့်သော ပစ္စည်းများ တင်သွင်းခြင်းမှာ လုပ် ငန်းရှင်များနှင့်  တိုက်ရိုက်သက် ဆိုင်နေပြီး ဈေးပေါပေါဖြင့် ပစ္စည်းများများရောင်းချခြင်းအပေါ်တွင် အခြေမခံဘဲ ဈေးနှုန်းအသင့်တင့် ရှိပြီး အရည်အသွေးကောင်းမွန် သည့် ပစ္စည်းများကိုသာ တင် သွင်းရောင်းချရန် လိုအပ်ကြောင်း ကိုစည်သူက အကြံပြုပြောကြားသည်။

No comments:

Post a Comment

ad