Search This Blog

အားလုံးမင်္ဂလာပါ ဘလော့မှ ကြိုဆိုပါတယ်။

Kyaw Computer Services, Mobile Sales & Services

Kyaw Computer Services, Mobile Sales & Services

ad

Sunday, April 5, 2015

♪ Samsung Galaxy S6 နှင့် S6 Edge ဖန်တီးသူနှင့် တွေ့ဆုံခြင်း ♫

စင်္ကာပူနိုင်ငံ၊ Samsung ရုံးမှာ Samsung Galaxy S6 နဲ့ S6 Edge ဒီဇိုင်း ဦးဆောင်ဖန်တီးသူ Hang Yeoက သူ့အနေနဲ့ Samsung Galaxy S6 နဲ့ S6 Edge ကို တီထွင်ဖန်တီးဖြစ်ပုံနဲ့ အကြောင်းအရာ အချို့ကိုဖော်ပြလိုက်ပါတယ်။

အလူမီနီယမ်၊ ပလက်စတစ်မဟုတ်တော့ပဲ ဖန်သားရွေးရခြင်း
ယခု Samsung Galaxy S6 နဲ့ S6 Edge မှာ အသုံးပြုထားတဲ့ ကိုယ်ထည်က ဖန် ဖြစ်ပါတယ်။ ယင်း ဖန်သာ သာမန် အလူမီနီယမ်ထက် နှစ်ဆမက သန်မာပြီး Drop Test အမျိုးမျိုး ပြုလုပ် စမ်းသပ်ပြီး မှ ရွေးချယ်ပြုလုပ်ထားကြောင်း ဆိုပါတယ်။ သူ့မှာ ထူးခြားချက် တစ်ခုရှိပါတယ်။ ယင်းကတော့ ဖုန်းကို ပတ်ဝန်းကျင် အရောင်ပေါ်မှာ မူတည်ပြီးတော့ နှစ်ရောင်၊ သုံးရောင်မက ပြောင်းနေခြင်း ဖြစ်ပါတယ်။ အဓိက ရွေးချယ်မှု အနေနဲ့ တစ်လုံးထဲနဲ့ အရောင်စုံ နီးပါး ကိုင်စေဖို့ ဖြစ်ပါတယ်။ ဥပမာ အပြာရောင် ဆိုရင် ပတ်ဝန်းကျင် အလင်းအမှောင်ကြောင့် အစိမ်းရောင်ဆန်ဆန်လည်း ဖြစ်သွား တတ်ပါတယ်။ ရွှေဖြူရောင် ဆိုရင် ရွှေရောင် အကြည် ပုံလည်း ထွက်ပါတယ်။

ဝ.၂ မီလီမီတာ ဗျက်လျော့ထားခြင်း
ရုတ်တရက်ကြည့်လိုက်ရင် မသိရတာက ဖုန်းရဲ့ ဗျက်ကို လျော့ထားခြင်း ဖြစ်ပါတယ်။ One Hand Operation လည်း သုံးချင်တယ်။ ဖုန်း ကြီးကြီးလည်း သုံးချင်တယ် ဆိုတဲ့သူများအတွက် နှစ်မျိုးစလုံးကို ခံစားရစေခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ အရင် Samsung Galaxy S5 နဲ့ စာရင် အနည်းငယ် ဗျက် ကျဉ်းနေ ပါလိမ့်မယ်။

S6 Edge ရဲ့ ကွေးနေတဲ့ စခရင်ဖြစ်ဖို့ အပူချိန် ၈၀၀ ဒီဂရီ စင်တီဂရိတ်လို
၈၀၀ ဒီဂရီ စင်တီဂရိတ် အပူချိန်ပေးပြီးတော့ ဂေါ်ရီလာ ဖန်သားကို ကွေးအောင် ဖန်တီးထားပြီး အများစု စိုးရိမ်နေတဲ့ မျက်နှာပြင် ပွန်းမှာ၊ ပဲ့မှာတို့၊ အကြမ်းမခံမှာတို့ ဟာ စိုးရိမ်စရာ တစ်ခု မဟုတ်တော့ကြောင့် လက်တွေ့ ကိုင်ကြည့်ပြီးတော့ သိလိုက်ရ ပါတယ်။

အရောင်စုံ၊ ပုံစံ အစုံ စမ်းသပ်ပြီးမှ ထွက်ရှိလာရတဲ့ ဖုန်းများ ဖြစ်
အရောင်စုံ စမ်းသပ်ပြီးတော့မှာ အပြာ၊ ပုလဲဖြူ၊ အစိမ်းရောင်၊ ရွှေဖြူရောင်၊ အနက်ရောင် အစရှိ သဖြင့် ရွေးချယ်ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။ ပုံစံ အမျိုးမျိုး အနေနဲ့ ဆိုရင် ပြောင်းလဲမှု များတာကို တွေ့ရမှာပါ။ နားကြပ်ထည့်တဲ့အပေါက်၊ ဆောင်းဗောက်တို့ က အောက်ကို ရောက် သွား ပါတယ်။ Unibody ဖြစ်သွားတာကြောင့် ဘက်ထရီ ဖြုတ်လို့မရတော့ပါဘူး။ SIM Card ထည့်တဲ့ slot ကလည်း ဖုန်း ညာဘက်မှာ ဖြစ်သွား ပါတယ်။

Hang Yeo ဟာ Samsung Galaxy S5 ပြုလုပ်တုန်းက ပါဝင်စပဲ ရှိခဲ့ပါသေးတယ်။ S6 နဲ့ S6 Edge ဖန်တီးချိန်မှာတော့ ကိုယ်တိုင် ဦးဆောင် တာဝန်ယူ ပြုလုပ်ပြီး သူ့ကို Project Zero လို့ အမည်ပေးခဲ့ပါတယ်။

Credit: အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment

ad