Android ဖုန်းတွေမှာ Battery အားဘယ်လောက်ကျန်သေးတယ်ဆိုတာကို ဖုန်းရဲ့ Notification bar က Battery Icon လေးကနေတစ်ဆင့်သိနိုင်ပါတယ်။ ဒါပေမယ့် တစ်ချို့ Android ဖုန်းအမျိုး အစားတွေ မှာတော့ Battery ဘယ်လောက်ကျန်သေးတယ်ဆိုတာကို Percentage (%) နဲ့မပြပေးပါဘူး ။ အဲလိုဖုန်းတွေ မှာ Battery Percentage နဲ့ရော ၊ Battery icon နဲ့ပါ Notification bar မှာဖော်ပြပေးစေချင်တယ်ဆိုရင် Battery Percent Enabler ဆိုတဲ့ Android Application လေးကိုအသုံးပြုနိုင်ပါတယ်။ ဒီဆော့ဝဲလေးကို ဖုန်းမှာသွင်းပြီးရင် ဆော့ဝဲထဲကိုဝင်ပါ။ Enable Battery Percent ဆိုတာလေးကိုအမှန်ခြစ်ပေးလိုက်ပါ။ ပြီးရင် ဖုန်းကို reboot ချပြီး ပြန်တက်လာရင် Notification bar မှာ Battery icon လေးရော ၊ Battery Percentage လေးပါပေါ်နေမှာဖြစ်ပါတယ်။ Battery Percent Enabler ဆော့ဝဲလေးကိုအသုံးပြုဖို့ ဖုန်းဟာ Android 4.4 နှင့်အထက် ဖြစ်ရပါမယ်။ Battery Percent Enabler v1.1 for Android ကိုအောက်က link မှာရယူနိုင်ပါတယ်။
Battery Percent Enabler v1.1 for Android [Download Link]
No comments:
Post a Comment