Search This Blog

အားလုံးမင်္ဂလာပါ ဘလော့မှ ကြိုဆိုပါတယ်။

Kyaw Computer Services, Mobile Sales & Services

Kyaw Computer Services, Mobile Sales & Services

ad

Thursday, February 12, 2015

Facebook ပေါ်က မိမိကြိုက်နှစ်သက်ရာ ပို့စ်လေးတွေကို Save လုပ်ထားချင်ရင်



iPhone (သို့) Android ဖုန်းနဲ့ Facebook အသုံးပြုသူတွေ ၊ ကွန်ပျူတာက Web Browser ကိုအသုံးပြုပြီး Facebook သုံးသူတွေအနေနဲ့ Facebook သုံးနေရင်း Facebook ပေါ်က ကိုယ်ဖတ်နေရင်းကြိုက်နှစ် သက်တဲ့ပို့စ်တွေ ၊ အခုဖတ်ဖို့မအားလို့ နောက်မှဖတ်မယ်ဆိုပြီး သိမ်းထားချင်တဲ့ ပို့စ်လေးတွေရှိရင် သိမ်း ထားနိုင်အောင်လို့ Facebook က “Save” ဆိုတဲ့ feature ကိုထည့်သွင်းပေးထားပါတယ်။

Facebook ပေါ်က ကြိုက်နှစ်သက်ရာပို့စ်ကိုဘယ်လို save ရမလဲဆိုရင် Facebook ပေါ်က ပို့စ်တစ်ခုခု ရဲ့ဘေးမှာ အောက်မျှား လေးပါ ပါတယ်။ အဲဒါလေးကိုနှိပ်လိုက်ပါ။



ကွန်ပျူတာ browser သုံးနေတဲ့သူတွေဆိုရင်တော့ အောက်ပုံအတိုင်းမြင်ရပါမယ်။ Save “……..” ဆိုတာကို နှိပ်လိုက်ပါ။



iPhone / Android ဖုန်းကနေ Facebook app ကိုသုံးနေတာဆိုရင်တော့ အောက်ပုံအတိုင်းမြင်ရပါမယ်။ Save “……..” ဆိုတာကို နှိပ်လိုက်ပါ။





Save ထားခဲ့တဲ့ပို့စ်တွေကိုပြန်ကြည့်ချင်ရင်တော့ Facebook menu bar ထဲမှာ Saved ဆိုတာလေး ပါ ပါတယ်။ အဲဒီထဲကိုဝင်ပါ။



ကိုယ် save လုပ်ထားခဲ့တဲ့ Post များကိုတွေ့ရပါမယ်။





Ref: Redmondpie

No comments:

Post a Comment

ad