Search This Blog

အားလုံးမင်္ဂလာပါ ဘလော့မှ ကြိုဆိုပါတယ်။

Kyaw Computer Services, Mobile Sales & Services

Kyaw Computer Services, Mobile Sales & Services

ad

Thursday, February 12, 2015

Mobile Data သုံးစွဲမှု လျှော့ချနိုင်မည့် နည်းလမ်းများ



မိုဘိုင်းဖုန်းက တစ်ဆင့် အင်တာနက် သုံးစွဲသူများ အနေဖြင့် မိမိရဲ့ အင်တာနက် အသုံးပြုမှုတွေကို မထိန်းချုပ်ထားနိုင်ဘူးဆိုရင် အင်တာနက် သုံးစွဲမှုများ အတွက် ငွေကြေးအကုန်အကျ များစေမှာပါ။ Android OS သုံးစွဲသူများအနေနှင့် Mobile Data နှင့်အင်တာနက်ကို အသုံးပြုတဲ့အခါမှာ Mobile Data အသုံးချမှုတွေ လျော့နည်းနိုင်ဖို့ နည်းလမ်းများ ဖြစ်ပါတယ်။ Mobile Data အသုံးပြုမှုလျော့နည်းစေရန်အတွက် App တွေကို အသုံးပြုပြီး လျော့ချနိုင်မှာ ဖြစ်သလို၊ OS ရဲ့ Option တွေကို အသုံးပြုပြီးလည်း လျော့ချနိုင်မှာ ဖြစ်ပါတယ်။




ဝက်ဘ်စာမျက်နှာများကို ချုံ့ခြင်း

Android OS မှာ အင်တာနက် အသုံးပြုနိုင်ဖို့ အတွက် Browser App တွေအများအပြား ရှိမှာဖြစ်ပါတယ်။ အများစု App တွေဟာ ကွန်ရက်ကို ဆက်သွယ်တဲ့ အခါမှာ Mobile Data တွေကိုသုံးစွဲမှု အများအပြားရှိတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် ဝက်ဘ်စာမျက်နှာတွေကို ဖွင့်တဲ့အခါမှာ Data သုံးစွဲမှုကို လျှော့ချပေးနိုင်တဲ့ Opera Mini လို Browser မျိုးကို သုံးစွဲသင့်ပါတယ်။ Opera Mini Browser ဟာ ဝက်ဘ် စာမျက်နှာတွေကို ချိတ်ဆက်တဲ့ အခါမှာ Data တွေကို လျော့ချပေးနိုင်ဖို့ အတွက် နည်းပညာတွေကို ထည့်သွင်းပေးထားပါတယ်။ Chrome Browser ကို အသုံးပြုမယ် ဆိုရင်လည်း Chrome Browser ကိုဖွင့်လိုက်ပါ။ Settings ကို နှိပ်ပြီး Reduce data usage ဆိုတာကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ Reduce data usage ထဲကို ရောက်ပြီဆိုရင် အဆိုပါ Feature ကို On ပေးရမှာဖြစ်ပါတယ်။



Data သုံးစွဲမှုကို မှတ်တမ်းတင်ထားပါ

Onavo Extend ဒါမှမဟုတ် Opera Max ဆိုတဲ့ App တွေကို Google Play Store ကနေ Download ပြုလုပ်ပြီး ထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ App တွေ အလုပ် လုပ်ဆောင် ပုံကတော့ မိုဘိုင်းဖုန်းပေါ်ကနေ ဝက်ဘ်စာမျက်နှာတွေကို ချိတ်ဆက် အသုံးပြုတဲ့အခါမှာ ဆာဗာတွေ ကိုအရင်ဆုံး Data တွေပို့ပါတယ်။ ထိုအခါမှာ App တွေဟာ ဝက်ဘ်စာ မျက်နှာပေါ်က အချက်အလက်တွေကို ချုံ့ပြီး Data သုံးစွဲမှု သက်သာစေရန် အတွက်ပြုလုပ် ပေးပါတယ်။ ဒီ App တွေဟာ Widget အနေနဲ့ သုံးစွဲနိုင်တဲ့အတွက် ဒေတာတွေကို ဘယ်လောက် အသုံးပြု ထားတယ်ဆိုတာတွေကို အလွယ်တကူနဲ့ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။



Data သုံးစွဲမှုကို သတ်မှတ်ချက်ထားပါ

Android OS အသုံးပြုသူများအတွက် အင်တာနက် အသုံးပြုတဲ့အခါမှာ Settings အောက်က Mobile Data မှာ Data usage ကို ကန့်သတ်ပေးနိုင်တဲ့ နည်းပညာကို ထည့်သွင်းပေးထားပါတယ်။ ဒီလိုအသုံးမပြုချင်ဘဲ Third Party App တွေကို အသုံးပြုချင် သူများအတွက် Onavo Count ဆိုတဲ့ App နဲ့ My Data Manager လို Third Party App များကို အသုံးပြု ပြီး ဒေတာသုံးစွဲမှု ပမာဏကို သတ်မှတ်ထားနိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ App တွေဟာ နေ့စဉ်သုံးစွဲတဲ့ Data သုံးစွဲမှုတွေကို မှတ်တမ်းတင် ပေးထားပြီး သတ်မှတ်ထားတဲ့ Data Usage တွေထက် မပိုစေရန် စီစဉ်ပေးနိုင်မှာ ဖြစ်ပါတယ်။



App များနှင့် Game များကို Offline အသုံးပြုပါ

App တွေနဲ့ Game တွေကို အသုံးပြုတဲ့ အခါမှာလည်း Offline မှာသာ အသုံးပြုနိုင်တဲ့ App များ Game များကို အသုံးပြုသင့်ပါတယ်။ ဥပမာ Google Map ကို အသုံးပြုလျင် အင်တာနက် အသုံးပြုမှသာ အသုံးပြုနိုင် မည်ဖြစ်ပြီး Google Map အစား NavFree, Sygic အစရှိတဲ့ App များကဲ့သို့ SD Card ထဲ ထည့်သွင်းပြီး offline အသုံးပြုသင့်ပါတယ်။

No comments:

Post a Comment

ad