Search This Blog

အားလုံးမင်္ဂလာပါ ဘလော့မှ ကြိုဆိုပါတယ်။

Kyaw Computer Services, Mobile Sales & Services

Kyaw Computer Services, Mobile Sales & Services

ad

Saturday, February 14, 2015

♪ Browser များ ပြောင်းလဲ အသုံးပြုသင့်သည် ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အကြံပြု ♫


မိုဘိုင်းဖုန်းဖြင့် အင်တာနက် အသုံးပြုရာတွင် Data အသုံးပြုနှုန်း နည်းပါးစေရန် အကြံပြုချက် ၄ ချက် ကို မြန်မာဆက်သွယ်ရေးလုပ်ငန်းက ကြေညာခဲ့သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ တရားဝင် ဖေ့ဘုတ်စာမျက်နှာ၌ အကြံပြုချက် ၄ ချက်ကို ဖော်ပြ ခဲ့ခြင်းဖြစ်ပြီး အဆိုပါ အကြံပြုချက်၌ အသုံးပြုသူများ အနေဖြင့် Browser များ ပြောင်းလဲ အသုံးပြုသင့်သည် ဟု ပါရှိသည်။

မိုဘိုင်းအင်တာနက် အသုံးပြုခကို မိနစ်နှင့် ကောက်ခံနေခဲ့ရာမှ နိုင်ငံတကာနည်းတူ Data စနစ်ဖြင့် ကောက်ခံခဲ့သည့် ဆွေသဟာ ဝန်ဆောင်မှုကို အသုံးပြုသူများက ဝေဖန်ခဲ့သည့်နောက်ပိုင်း ၎င်းတို့က ယခုကဲ့သို့ အကြံပြုချက်များ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ဆက်သွယ်ရေး အော်ပရေတာတစ်ခုဖြစ်သည့် Telenor က ၎င်းတို့၏ မိုဘိုင်းဖုန်းအသုံးပြုသူများကို Opera Mini Browser နှင့် မိတ်ဆက်ပေးခဲ့ပြီး ဖြစ်သော်လည်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ၎င်းတို့၏ မိုဘိုင်းဖုန်း အင်တာနက် အသုံးပြုသူများကို Data အသုံးပြုနှုန်း နည်းပါးစေရန် Chrome Beta၊ Opera Mini စသည်တို့ အသုံးပြုသင့်သည်ဟု အကြံပြုခဲ့သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အကြံပြုချက်၌ GPS နှင့်ဆက်စပ်သော Application များကို ပိတ်ထားခြင်း၊ ဗွီဒီယိုကြည့်ခြင်း၊ သီချင်းနားထောင်ခြင်း ကဲ့သို့သော Data အမြောက်အမြား အသုံးပြုမှုများကို မဖြစ်မနေ လိုအပ်မှသာ အသုံးပြုခြင်း၊ Data Manager Application များကို ထည့်သွင်းအသုံးပြုခြင်း စသည်တို့ ပါဝင်သည်။

လက်ရှိအချိန်၌ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ၎င်းတို့ ဆွေသဟာအစီအစဉ် အသုံးပြုသူများကို Data စနစ်ဖြင့် ကောက်ခံခြင်းဖြစ်ပြီး ကျသင့်ငွေကို 1 MB လျှင် ၁၅ ကျပ် သတ်မှတ်ခဲ့သည်ဟု သိရသည်။

Internet Journal

No comments:

Post a Comment

ad