Search This Blog

အားလုံးမင်္ဂလာပါ ဘလော့မှ ကြိုဆိုပါတယ်။

Kyaw Computer Services, Mobile Sales & Services

Kyaw Computer Services, Mobile Sales & Services

ad

Saturday, February 14, 2015

♪ Ooredoo နှင့် Telenor ကို မြို့နယ် ၁၀၀ ကျော်၌ အသုံးပြုနိုင် ♫


၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်၍ မိုဘိုင်းဖုန်းလိုင်းများကို ရောင်းချပေးခဲ့ကြသည့် Ooredoo Myanmar နှင့် Telenor Myanmar တို့သည် ယနေ့အချိန်၌ ၎င်းတို့၏ မိုဘိုင်းဖုန်း လိုင်းများကို နိုင်ငံ အတွင်း မြို့ပေါင်း ၁၀၀ ကျော်၌ သယ်ဆောင် အသုံးပြုနိုင်ပြီဟု ကြေညာခဲ့သည်။

အော်ပရေတာ လုပ်ငန်းစဉ်အတွက် ကွန်ရက်ချဲ့ထွင်ခြင်းလုပ်ငန်းသည် ၎င်းတို့အတွက် အခက်အခဲဆုံး အလုပ်ဖြစ်သည်ဟု အော်ပရေတာများက ပြောဆိုထားပြီး ဖြစ်သော်လည်း အစိုးထံ ပေးအပ် ထားသည့် ကတိကို အကောင်အထည်ဖော်ဆောင်ရန် ကွန်ရက်ချဲ့ထွင်ခြင်းကို ကြိုးစားဆောင်ရွက် နေသည်ဟု သိရသည်။

လက်ရှိအချိန်၌ Ooredoo ၏ ထုတ်ပြန်ချက်အရ ၎င်းတို့၏ ကွန်ရက်ကို မြို့နယ်ပေါင်း ၁၉၂ မြို့နယ်၌ လွှမ်းခြုံထားပြီး Telenor ၏ ထုတ်ပြန်ချက်အရ ၎င်းတို့၏ ကွန်ရက်သည် မြို့နယ်ပေါင်း ၁၂၆ မြို့နယ် အတွက် လွှမ်းခြုံပြီးဖြစ်ကြောင်း သိရသည်။

Ooredoo ၏ ထုတ်ပြန်ချက်အရ နိုင်ငံအတွင်းရှိ မြို့နယ်များ၏ ၅၉ ရာခိုင်နှုန်းကို ၎င်းတို့၏ ကွန်ရက် လွှမ်းခြုံထားနိုင်ပြီဖြစ်သော်လည်း Telenor ၏ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီလကုန်ပိုင်း၌ ၎င်းတို့၏ ကွန်ရက်သည် မြို့နယ်များ၏ ၅၀ ရာခိုင်နှုန်းကို လွှမ်းခြုံနိုင်မည်ဟု သိရသည်။

No comments:

Post a Comment

ad