Search This Blog

အားလုံးမင်္ဂလာပါ ဘလော့မှ ကြိုဆိုပါတယ်။

Kyaw Computer Services, Mobile Sales & Services

Kyaw Computer Services, Mobile Sales & Services

ad

Saturday, February 14, 2015

♪ Sony Xperia Z3v အကြောင်းစိတ်ဝင်စားသူများအတွက် ♫

Sony ကုမ္ပဏီဟာ မိုဘိုင်းဈေးကွက်မှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပေမယ့် သူ့ရဲ့စမတ်ဖုန်းတွေဟာ အထူးကောင်းမွန်တယ်ဆိုတာ ကိုတော့ မငြင်းနိုင်ကြပါဘူး။ Sony ရဲ့ လက်ရှိအကောင်းဆုံးစမတ်ဖုန်းဟာ Xperia Z3 ဖြစ်ပြီး 2014 ထဲမှာ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ Sony ဟာ Xperia Z Series တွေကို ကွဲပြားတဲ့ အမျိုးအစားတွေထုတ်လုပ်လေ့ရှိပေမယ့် သိပ်အများကြီးတော့ မရှိတတ်ပါဘူး။ Xperia Z3v ဟာ Z3 နဲ့ အများအပြားတူညီပေမယ့် ဒီဇိုင်းနဲ့ ဘက်ထရီအပါအ၀င် ကွဲပြားမှုအချို့တော့ရှိနေပါတယ်။ အမေရိကမှာ Verizon သုံးစွဲသူတွေအတွက် Z3v ကိုထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

Xperia Z3v ဟာ အနက်ရောင်ဖန်သားကိုသုံးထားပြီး သန့််ရှင်းတောက်ပြောင်တဲ့ပုံမျိုးတူညီပေမယ့် ဖုန်းရဲ့ ကိုယ်ထည်ပုံစံကတော့ Z2 နဲ့ တူညီတာကိုတွေ့ရပါတယ်။ ပါဝါခလုတ်ဟာ ညာဘက်ခြမ်းမှာရှိနေပြီး အဲဒီဘက်မှာပဲ အသံအတိုးအကျယ်နဲ့ ကင်မရာ Shutter ခလုတ်တို့ရှိနေပါတယ်။ ဘေးဘောင်မှာပဲ Micro USB နဲ့ Sim Cards Slot တို့ကို ဖုံးအုပ်ပေးထားပြီး ဒါမှပဲဖုန်းဟာ ရေအနက် ၁.၅ မီတာမှာ မိနစ် ၃၀ ထားနိုင်မှာဖြစ်ပါတယ်။

Xperia Z3v မှာ ၅.၂ လက်မ IPS Display ပါဝင်ပြီး Full HD 1920x1080 Pixels Resolution ရှိပါတယ်။ Quad HD Display တွေရှိပေမယ့် ဘက်ထရီကုန်လွန်းတာကြောင့် Full HD Display ဟာ လက်ရှိအနေအထားမှာ အသင့်လျော်ဆုံးလို့ဆိုရမှာပါ။ Screen ရဲ့ ဘေးတစ်ဖက်တစ်ချက်မှာ စပီကာ တည်ရှိပြီး ပါးလွှာတာကြောင့် အသံကိုဘယ်ကထွက်နေသလဲလို့ ထင်ရနိုင်ပါတယ်။ Xperia Z3v မှာ Z3 အတိုင်းပဲ Qualcomm Snapdragon 801 Quad-core 2.5 GHz Processor ပါဝင်ပြီး Z2 မှာပါဝင်တဲ့ 801 ထက် နည်းနည်းပဲပိုသာလာပါတယ်။ RAM 3GB ပါဝင်လာတာကတော့ ပုံမှန်ထက်အများကြီး ပိုသာတာအမှန်ပါပဲ။ Snapdragon 805 မပါပေမယ့် ပြောရရင်နေ့စဉ်သုံးစွဲနေတဲ့ Apps များစွာအတွက် 801 ဟာလုံလောက်ရုံမက ပိုလျှံတဲ့ပမာဏပါ။ Z3v မှာသိုလှောင်နိုင်မှုပမာ 32GB ပါဝင်ပြီး Micro SD ကနေ 128 GB ထိထပ်မံတိုးမြှင့်ခွင့်ရှိပါတယ်။ ဘက်ထရီကတော့ ဖြုတ်/တပ် လို့မရတဲ့အမျိုးအစားပါ။

Xperia Z3v မှာ Z3 နဲ့တူညီတဲ့ကင်မရာပါဝင်ပြီး 20.7 MP ကင်မရာနဲ့ 27mm Wide-angle Sony G Lens တို့ပါဝင်ပြီး 4K ဗီဒီယိုထိရိုက်ကူးပေးနိုင်ပါ။ 1/ 2.3 လက်မရှိတဲ့ Camera Sensor ကြောင့် ပုံတွေကို ပိုမိုကောင်းမွန်စေပါတယ်။ 4K ဗီဒီယို ရိုက်ကူးနိုင်တာကတော့ ကောင်းပေမယ့် 4K TV မရှိရင် ပြည့်ပြည်၀၀ အသုံးမချနိုင်တဲ့ Feature တစ်ခုပါ။ ISO 6400 ထိမြှင့်တင်နိုင်ပြီး သင့်တင့်တဲ့ ပမာဏတစ်ခုဖြစ်ပါတယ်။

Z3v ဟာ Z3 လိုပဲ PlayStation 4 နဲ့တွဲဖက်ကစားနိုင်ပြီး PS4 ဂိမ်းစက်နဲ့ Wireless ချိတ်ဆက်ပြီးမှ Streaming နဲ့ ကစားနိုင်မှာဖြစ်ပါတယ်။ Dual Shock 4 Controller နဲ့တွဲဖက်ကစားရမှာဖြစ်ပါတယ်။ Xperiaa Z3 မှာ Android 4.4.4(KitKat) ပါဝင်ပြီး မကြာခင်မှာ Android 5.0 Lollipop ကိုမြှင့်တင်နိုင် ပါလိမ့်မယ်။ Z3v မှာ Z3 ထက် အနည်းင်ပိုကြီးတဲ့ 3200 mAh ဘက်ထရီပါဝင်လာခဲ့ပြီး တစ်ရက်ကျော် အသုံးခံမယ်လို့ ဆိုထားပါတယ်။ Qi Inductires Charging နည်းပညာပါဝင်လတဲ့အတွက် ChargeMat ပေါ်မှာ ဖုန်းကိုချထားရုံနဲ့ အားသွင်းနိုင်မှာဖြစ်ပါတယ်။

Credit : Net Guide Journal

Today's Technology မိုဘိုင်းဖုန်းပြုပြင်နည်းသင်တန်း

No comments:

Post a Comment

ad