Search This Blog

အားလုံးမင်္ဂလာပါ ဘလော့မှ ကြိုဆိုပါတယ်။

Kyaw Computer Services, Mobile Sales & Services

Kyaw Computer Services, Mobile Sales & Services

ad

Tuesday, March 10, 2015

About FET

FET နဲ့ ပတ်သက်ပြီးညီလေးတစ်ယောက်မေးထားတာတွေ့ လို့ ပါ။
FET ရဲ့စာလုံးအပြည့်အစုံကတော့ Field Effect Transistor ပါ။သူ့ မှာ Gate,Drain,Source ဆိုပြီးငုတ်သုံးငုတ်ရှိပါတယ်။ Gate ကတော့ Transistor မှာဆို Base လိုပေါ့ ၊ current ကို
အဖွင့်အပိတ်လုပ်ပေးတဲ့ငုတ်ပါ။ Drain ကတော့ Collector နဲ့ တူပြီး Source ကတော့ Emitter ပါ။
FET မှာလဲ N-Channel,P-Channel ဆိုပြီးနှစ်မျိုးရှိပါတယ်။FET တွေမှာရိုးရိုး Transistor တွေထက်
အားသာချက်တွေအများကြီးရှိပါတယ်။အလွန်သေးငယ်တဲ့ signal လေးတွေကိုချဲ့ ထွင်နေရာမျိုးမှာ
FET ကပိုကောင်းပါတယ်၊ဖုန်းတွေမှာဆို Net work ပိုင်းတွေမှာ RF signal တွေကိုကိုင်တွယ်ရတဲ့
အပိုင်းတွေမှာသုံးပါတယ်။ digital mic တွေရဲ့အ၀င် signal ချဲ့ ထွင်တဲ့အပိုင်းတွေမှာသုံးပါတယ်။
မလိုအပ်တဲ့ နှောက်ရှက်သံတွေကိုလျှော့ချပေးပါတယ်။FET လိုပဲနောက်တစ်ခုက MOSFET ပါ။
သူကဖုန်းတွေရဲ့ Charging ပိုင်းမှာသုံးကြပါတယ်။လိုအပ်တဲ့ current ကိုချိန်ငြှိပေးနိင်ပါတယ်။
Transistor တွေမှာ လျှပ်ကူးနိင်မှုကို hfe ပေါ်မူတည်ပြီးအနဲအများ၇ှိတတ်ပါတယ်။
FET ကတော့ D နဲ့  S အကြားလျှပ်ကူးမှုဟာ 0 ohm အထိချဲ့ ထွင်ပေးနိင်ပါတယ်။
FET ကိုတိုင်းမယ်ဆိုရင်မီတာကိုx 1 စကေးမှာထားပြီး၊ S ကိုမီတာရဲ့အနီတံနဲ့ ထောက်ထားပြီး
G ကိုအနက်တံနဲ့ တစ်ချက်ထိပေးလိုက်ပါ၊ပြီး၇င်အနက်တံကို D မှာထောက်လိုက်တဲ့အခါ
D နဲ့  S ဟာ 0 ohm နီးပါးထိစပ်နေတာကိုမြင်တွေ့ ရမှာပါ။ဒီအနေအထားမှာပဲ G ကို လက်ကလေး
နဲ့ တို့ လိုက်၇င်၊ D နဲ့ S ပြန်လွတ်သွားတာတွေ့ ၇ပါမယ်။အဲဒီလိုမီတာတံအဆုံးထိပြန်ဆင်းသွားမှ
FET ကောင်းမှာပါ။ပြန်မဆင်းတာ၊တစ်ဝက်လောက်ပဲပြန်ဆင်းတာမျိုးဆိုရင် FET ပျက်စီးသွားပါပြီ
ဖုန်းတွေမှာ Charging သွင်းနေတဲ့ပုံလေးပြပြီး၊ battery အားမ၀င်ရင် power ic ရဲ့ဘေးနားက
ခြေသုံးချောင်းနဲ့  MOSFET လေးကိုစစ်ကြည့်ပေးပါ။တစ်ချို့ ဖုန်းတွေမှာတော့ MOSFET အစား
Charging ic ကိုသီးသန့် အသုံးပြုကြပါတယ်။
ခုလိုပဲသိချင်တာလေးတွေ၇ှိရင် မန့် ခဲ့ပါ၊အကြောင်းညီညွတ်ရင်တင်ပေးသွားပါမယ်။



Ko Aung

No comments:

Post a Comment

ad