Search This Blog

အားလုံးမင်္ဂလာပါ ဘလော့မှ ကြိုဆိုပါတယ်။

Kyaw Computer Services, Mobile Sales & Services

Kyaw Computer Services, Mobile Sales & Services

ad

Tuesday, March 10, 2015

Basic


အခြေခံအဆင့်ကိုစလေ့လာမယ့်ညီငယ်တွေကိုတစ်ခုအကြံပေးချင်ပါတယ်။ကျွန်တော်တို့ လက်တွေ့ ဖုန်းပြင်
ရတဲ့အချိန်မှာအခက်အခဲရှိတာက SMD လို့ ခေါ်တဲ့ surface mount device အရမ်းကိုသေးငယ်တဲ့ components လေးတွေကိုကိုင်တွယ်ရတဲ့အပိုင်းပါ။ SMD လေးတွေ၇ဲ့အလုပ်လုပ်ပုံနဲ့ သူတို့ ကောင်းမကောင်း
စစ်ဆေးဖို့ အတွက်မီတာကိုအသုံးပြုတတ်ဖို့ ကလဲအရေးကြီးပါတယ်။အဲဒီတော့သေးသေးလေးတွေကို
မမြင်မစမ်းနဲ့ တိုင်းနေမယ့်အစား TV တွေမှာသုံးတဲ့ spare parts ပစ္စည်းရောင်းတဲ့ဆိုင်မှာ
Capacitor,diode,zener diode, led,transistor,resistor, အားလုံးကို 2000 ဖိုးလောက်ဆိုတော်တော်စုံစုံ
ရပါပြီ။ပထမအဆင့်မှာခုလိုကိုင်တွယ်ပြီးတိုင်းလို့ ရတဲ့အနေအထားနဲ့ စပြီးလေ့လာသင့်တယ်။
(၁) capacitor ကိုတိုင်းမယ်ဆိုရင်မီတာကို x1k မှာထားပြီးငုတ်နှစ်ခုကိုအပြန်အလှန်တိုင်းကြည့်ပါ။
ဘယ်လိုတိုင်းတိုင်းမီတာတံလေးအနဲငယ်ပြပြီးပြန်ကျသွားရင်အဲဒီ capacitor ကောင်းပါတယ်၊တကယ်လို့ 
လုံးဝမပြတာပဲဖြစ်ဖြစ်၊မီတာအဆုံးထိပြတာမျိုးဆိုရင်အဲဒီ capacitor ပျက်စီးနေပါပြီ။
ဖုန်းတွေမှာပါတဲ့ SMD Capacitor လဲဒီအတိုင်းပဲတိုင်းရတာပါ၊တစ်ခုတော့ရှိတယ်၊ပတ်လမ်းပေါ်မှာတိုင်း
ရင်သေခြာမှုမရှိတဲ့အတွက်ခဲဖြုတ်ပြီးတိုင်းဖို့ လိုပါတယ်။တကယ်လို့ မိမိမှာ digital meter ရှိရင်တော့
Select ကို capacitor တိုင်းတဲ့ Hf မျာထားပြီးတိုင်းလို့ ၇ပါတယ်။smd capacitor ရဲ့အရောင်က
အ၀ါရောင်အတုံးလေးတွေပါ်။
(၂)Diode ကိုတိုင်းမယ်ဆိုရင်မီတာကို x1 မှာထားပြီးအစနှစ်ဖက်ကိုအပြန်အလှန်တိုင်းကြည့်ပါ။
မီတာတံလေးဟာတစ်ဖက်ပဲပြရပါမယ်။နှစ်ဖက်စလုံးပြနေရင်တော့ diode မကောင်းတော့ပါဘူး
လုံးဝမပြရင်လဲပျက်နေတာပါ။ zener diode လဲဒီအတိုင်းပဲတိုင်းရတာပါ။ရိုးရိုး diode နဲ့ zener diode
ရဲ့ကွဲလွဲချက်ကတော့အလုပ်လုပ်ပုံပါ။ diode ကပတ်လမ်းမှာရှိတဲ့ current ကိုတစ်ဖက်တည်းသာ
ဖြတ်သန်းစီးဆင်းခွင့်ပြုပါတယ်၊ဒါကြောင့်ဖုန်းတွေမှာ battery ငုတ်အ၀င်တွေမှာ diode တစ်လုံးကို
အမှားခံအနေနဲ့ ထည့်ပေးကြပါတယ်။diode ကိုနောက်တစ်မျိုးအနေနဲ့  ac ကနေ dc ဖြစ်အောင်လုပ်တဲ့
နေရာမှာသုံးပါတယ်။ power supply ပိုင်းမှာ အ၀င်ဗို့ dc 3.5v ကို converter ပတ်လမ်းကတည်ငြိမ်တဲ့
အထွက်ဗို့ တွေရဖို့ လုပ်ပေးရပါတယ်။ coil ကနေတစ်ဆင့် ထွက်လာတဲ့ ac volt ကို diode ခံပြီး dc volt
အဖြစ်ပြောင်းယူကြပါတယ်၊ဒီပတ်လမ်းမှာ diode ဟာမဖြစ်မနေပါဝင်ရပါတယ်။
Zener diode ကတော့ပတ်လမ်းမှာရှိတဲ့ dc volt ကိုပြောင်းလဲမှုမရှိအောင်ထိန်းငြှိပေးပါတယ်။ဥပမာ
3.2v zener diode ဆိုရင်ပတ်လမ်းကို 5v မှားပြီးပေးမိလဲ zener diode ကသတ်မှတ်ထားတဲ့ 3.2v မှာပဲ
ကန့် သတ်ပေးထားပါတယ်။ဒါကြောင့် zener diode တွေကို ic တွေရဲ့ vcc အ၀င်ငုတ်တွေမှာ ground နဲ့ 
ခွပြီးတပ်ဆင်အသုံးပြုကြပါတယ်။ပတ်လမ်းရဲ့အပေါင်းဗို့ နဲ့ အနှုတ်ဗို့ ကိုခွပြီးတတ်ထားတဲ့ diode တွေ့ ရင်
Zener diode လို့ သိနေရမှာပါ။ဖုန်းအတွက် zener diode တွေကတော့ 3.2v ပဲအသုံးများပါတယ်။
(၃) LED လေးတွေကိုလဲ diode တိုင်းသလိုပဲတိုင်းနိင်ပါတယ်။ဘက်မှန်ရင်မီးလင်းလာမှာပါ။ ohm meter
တွေမှာထူးခြားတာတစ်ခုက x1 စကေးမှာထားရင် မီတာရဲ့အနက်တံမှာ dc 3 volt ရောက်ပြီး၊အနီတံက
အနှုတ်ဗို့ ဖြစ်သွားပါတယ်၊ digital meter မှာတော့အဲဒီလိုပြောင်းလဲမှုမရှိပါဘူး။
(၄) Transistor ကခြေတောက်သုံးခြောင်းနဲ့ ဆိုတော့တိုင်းရတာအစပိုင်းမှာအနဲငယ်ခက်ခဲတတ်ပါတယ်။
မီတာစကေးကို x1k မှာထားပြီးငုတ်သုံးငုတ်ထဲကကြိုက်တဲ့တစ်ငုတ်ကို မီတာရဲ့အနက်တံနဲ့ အသေထောက်
ထားပါ၊ပြီးရင်အနီတံနဲ့ ကျန်နှစ်ဖက်ကိုတိုင်းကြည့်ပါ။တစ်ခုမှမပြရင်ခုနကအနက်တံထောက်ထားတဲ့
ငုတ်ကိုလွတ်ပြီးတစ်ခြားငုတ်တစ်ခုပြောင်းပါ။အနက်တံကိုတော့ပုံသေထားပြီးအနီတံနဲ့ ပဲကျန်ငုတ်တွေကို
လိုက်တိုင်းကြည့်ပါ။နောက်ဆုံးမှာအနက်တံထောက်ထားတဲ့ငုတ်ကိုပုံသေထားပြီးအနီတံနဲ့ တိုင်းတဲ့အခါ
မီတာစကေးမှာနှစ်ဖက်စလုံးပြတာကိုတွေ့ ၇ပါမယ်။အဲဒီလိုပြနေတဲ့အခြေအနေမှာ၊မီတာတံထောက်ထားတဲ့
ငုတ်ဟာ transistor ရဲ့ base ငုတ်လို့ မှတ်ယူပေးပါ။ပြီးရင်အနက်တံကိုလွတ်ပြီး base ငုတ်မဟုတ်တဲ့
ကျန်ငုတ်နှစ်ခုကိုမီတာရဲ့အနီတံနဲ့ အနက်တံကိုထောက်ပြီးခုနကမှတ်ထားတဲ့ base ငုတ်လေးကိုလက်ကလေး
နဲ့ ထောက်ကြည့်လိုက်ပါ၊မီတာမျှားတံလေးတက်သွားတာကိုတွေ့ ရပါမယ်။မတက်သေးရင်အနီအနက်ပြောင်း
ပြီးထောက်ကြည့်ပါ၊တက်ပြီဆိုရင်အနီတံနဲ့ ထောက်ထားတဲ့ငုတ်က emitter ဖြစ်ပြီးအနက်တံထောက်ထားတဲ့
ငုတ်က collector ဖြစ်ပါတယ်။ဒီtransistor ကိုတော့ NPN Transistor လို့ ခေါ်ပါတယ်၊ လက်တွေ့ ပတ်လမ်း
ပေါ်မှာတော့တိုင်းရတာခက်ခဲပြီးစိတ်ထဲမှာသံသယရှိရင်အမျိုးအစားတူတာတစ်ခုနဲ့ လဲကြည့်ရင်လဲ
ဖြစ်ပါတယ်၊ transistor မှာ PNP နဲ့  NPN ဆိုပြီးနှစ်မျိုးရှိတဲ့အတွက် သုံးခြောင်းမြင်တိုင်းရမ်းပြီး
ထည့်ကြည့်လို့ မဖြစ်ပါဘူးဒါကြောင့် ကျွမ်းကျင်အောင်လေ့ကျင့်ထားသင့်ပါတယ်၊မီတာကိုတော့
NPN နဲ့ PNP ပြောင်းပြန်တိုင်းရပါတယ်၊တစ်ခုကိုတိုင်းနည်းသိရင်ရပါပြီ။
ဆက်ပြီးတော့ရေးပေးသွားပါမယ်။

No comments:

Post a Comment

ad