Search This Blog

အားလုံးမင်္ဂလာပါ ဘလော့မှ ကြိုဆိုပါတယ်။

Kyaw Computer Services, Mobile Sales & Services

Kyaw Computer Services, Mobile Sales & Services

ad

Tuesday, March 10, 2015

SDS (Sudden Death Syndrome)

SDS (Sudden Death Syndrome) လို့ ပြောလိုက်တာနဲ့  samsung ဆရာကြီးတွေကသိပြီးသားဖြစ်ပါတယ်၊ဒါပေမယ့်မသိသေးတဲ့ညီငယ်တွေအတွက်
ရည်ရွယ်ပြီးရေးလိုက်တာပါ။ samsung s3,note2 တို့ မှာအများဆုံးဖြစ်လေ့ရှိတဲ့
အလိုလိုနေရင်းပါဝါသေတဲ့ပြသနာပါ။အဲဒီ model တွေမှာသုံးထားတဲ့ CPU နဲ့  EMMC
ပြီးတော့ 4.0.4,4.1.1,rom အဲဒီအချက်တွေကဆက်စပ်မှုရှိပါတယ်။ emmc ထဲမှာရှိတဲ့
flash ram အလွှာလေးတွေထဲက boot loader အပိုင်းကို cpu က os error ကြောင့်
မှားယွင်းပြီး format ရိုက်ပေးလိုက်ပါတယ်။ boot loader အပိုင်းပျက်သွားပြီဆိုတော့
ဆက်ပြီးတက်လာစရာလဲအကြောင်းမရှိတော့ဘူးပေါ့၊ hardware သမားကတော့
emmc ဖြုတ်လဲလိုက်တာပေါ့၊ကျွမ်းကျင်တဲ့သူဆိုရင်နာရီဝက်ဆိုပြီးရော။ s3 ပေါ်ခါစဆို
sds ဖြစ်ရင် 150000 လောက်ကိုပေးပြီးပြင်ကြရတယ်၊ software နဲ့ လဲကုလို့ တော့ရပါတယ်။လိုအပ်တာတွေကသက်ဆိုင်ရာ bootloader လိုတယ်။
download mode ၀င်ဖို့  usb jig လိုတယ်။usb jig ပြုလုပ်ပုံတော့ကျွန်တော်တစ်နေ့ က
တင်ပေးထားပါတယ်။ odin ကိုပဲသုံးမှာပါ။ bootloader .tar file ကိုတော့ဖုန်းအကောင်း
တစ်လုံးကနေပြန်ထုတ်ယူလို့ လဲရပါတယ်။ sd ကပ်ကောင်းကောင်း 4gb တစ်ခုလိုပါတယ်။ odin မှာပါတဲ့၊ T-Flash,Flash-Lock, နေရာလေးမှာအမှန်ခြစ်ပေးရမှာပါ။ဖုန်းကို odin နဲ့ ချိတ်ပြီး
bootloader tar file လေးကို pda မှာ run ပေးယုံပါပဲ။ဒီနည်းကတော့ ဖုန်းအကောင်းတစ်လုံးရှိမှအဆင်ပြေမယ့်နည်းပါ။နောက်တစ်နည်းကတော့
internet ကနေလိုအပ်တဲ့ file လေးတွေဒေါင်းရပါမယ်။ခဏတော့စောင့်ပေးပါ
လိုပ်တဲ့ file တွေကိုစုပြီး drop box ကနေတင်ပေးပါမယ်။လုပ်နည်းလဲတင်ပေးသွားမှာပါ။အခုလောလောဆယ်တော့
SDS မဖြစ်အောင်ကြိုတင်ကာကွယ်လို့ ၇တဲ့နည်းလေးတင်ပေးလိုက်ပါတယ်။
ဒီ APK လေးကိုဖုန်းထဲထည့်ပြီးစစ်ကြည့်လို့ ၇ပါတယ်။xxhttps://play.google.com/store/apps/details?id=net.vinagre.android.emmc_check&hl=en
အဲဒီ APK လေးကမိမိဖုန်းမှာသုံးထားတဲ့၊ cpu,emmc, rom တွေကိုစစ်ပြီး sds ဖြစ်နိင်မဖြစ်နိင် တွက်ချက်ပေးပါမယ်။
တကယ်လို့ မိမိဖုန်းဟာ os version 4.0.4,4.1.1, ဖြစ်နေရင်၊ 4.1.2,4.2 နဲ့ အထက်ကိုမြန်မြန်တင်ပေးဖို့ လိုပါတယ်။အဲဒီလို firmware update လုပ်ပြီးရင်တော့
sds မဖြစ်နိင်တော့ပါဘူး။
အားလုံးပဲအဆင်ပြေနိင်ကြပါစေ။


Ko Aung

No comments:

Post a Comment

ad