အကြောင်းကတော့ MPT အပြင် Ooredoo, Telenor တို့လို မိုဘိုင်းဆက်သွယ်ရေး ကွန်ရက်နဲ့ ကုမ္ပဏီများ ပါ ဝင်ရောက် လာခြင်း ကြောင့် ဖြစ်ပါတယ်။
ဒါကြောင့်မို့ မိမိတို့ ပတ်ဝန်းကျင်က မိတ်ဆွေ သူငယ်ချင်း အချို့ဟာလည် စမတ်ဖုန်း တစ်လုံးတည်းတင် မဟုတ်တော့ပဲ ၂ လုံး ကိုင်လာတာကို တွေ့ကြမှာပါ။ ဒီတော့ စမတ်ဖုန်း ၂ လုံး ကိုင်တဲ့ သူတွေမှာ တွေ့ရတာက အဓိက အသုံးပြုတဲ့ ဖုန်းကို အကောင်းဆုံးဖုန်း၊ ဈေးကောင်း ဖုန်းများ
အသုံးပြုကြပြီး နောက်တစ်လုံးကိုကျ ဈေးသကသာဖုန်း သုံးပါတယ်။ ဒါပေမယ့် အချို့ဟာ ဈေးသက်သာလိုတဲ့ ရည်ရွယ်ချက် နဲ့ ဝယ်တော့ အင်တာနက် သုံးမရတဲ့ ဖုန်းတွေ ဖြစ်လို့ နေပါတယ်။ ဈေးအားဖြင့် တစ်သိန်းအောက်မှာ ရှိမယ်။ အင်တာနက်လည်း ကောင်းကောင်း အသုံးပြုနိုင်မယ်ဆိုရင် အကောင်းဆုံးပါပဲ။ ယင်းကဲ့သို့ အသုံးပြုနိုင်တဲ့ စမတ်ဖုန်း များစွာ ရှိရာ ယင်းထဲမှ တစ်ခုကတော့ Samsung Galaxy V ဖြစ်ပါတယ်။
မျက်နှာပြင် - ၄.၀” WVGA (၄၈၀x၈၀၀) TFT
စက်လည်ပတ်မှုစနစ် - Single Core A7 1.2GHz Spreadtrum Dolphin
ကွန်ရက်အသုံးပြုမှု - HSPA+ 21/5.76 900/2100
EDGE/GPRS 850/900/1800/1900
သိမ်းဆည်းနိုင်မှုပမာဏ - 512MB (RAM) + 4GB (eMMC) microSD အား 32GB ထိ - ထပ်မံထည့်သွင်းအသုံးပြုနိုင် -
ကင်မရာ/ဖလက်ခ်ျ - အဓိက ကင်မရာ - ၃ မီဂါပစ်ဇယ် နှင်ဖလက်ခ်ျမီး ပါဝင်
ရှေ့ကင်မရာ - VGA အရည်အသွေး ချိတ်ဆက်နိုင်မှု - MicroUSB, USB 2.0, 3.5mm earjack
ကြိုးမဲ့ချိတ်ဆက်နိုင်မှု - Bluetooth 4.0, WiFi b/g/n, Wi-Fi Direct
အတိုင်းအတာ နှင့် အလေးချိန် - ၁၂၁.၄ x ၆၂.၉ x ၁၀.၇ မီလီ၊ ၁၂၃ ဂရမ် ဘက်ထရီ - တာရှည်ခံ ၁၅၀၀ mAh
စက်အတွင်းပိုင်း လုပ်ဆောင်မှုစနစ် - Android KitKat (4.4)
အခြားဝန်ဆောင်မှုနှင့် အသုံးချ လုပ်ဆောင်နိုင်မှုများ - A-GPS + GLONASS, Kies, Samsung Apps, ChatON (D/L) UX: TounchWix Essence, Easy Text ဆင်ဆာစနစ် - Accelerometer
ရေဒီယို - FM ရေဒီယိုများ ဖမ်းယူနားဆင်နိုင်ခြင်း
ဗီဒီယို - ရိုက်ကူးခြင်း - VGA အရည်အသွေးဖြင့် တစ်စက္ကန့်လျှင် ၂၄ ဖရိန် ပြသခြင်း - 720p အရည်အသွေးဖြင့် တစ်စက္ကန့်လျှင် ၃၀ ဖရိန်
ဈေးနှုန်း - ၉၇၅၀၀ ကျပ်
No comments:
Post a Comment