Search This Blog

အားလုံးမင်္ဂလာပါ ဘလော့မှ ကြိုဆိုပါတယ်။

Kyaw Computer Services, Mobile Sales & Services

Kyaw Computer Services, Mobile Sales & Services

ad

Friday, February 20, 2015

Facebook မှာ အရက်မူးနေတဲ့ ပုံတွေ တင်မရအောင် Facebook က ဖန်တီး

Facebook က နည်းပညာ တစ်ခုကို ဖန်တီးလိုက်ပါတယ်။ ယင်းကတော့ အရက် မူးနေတုန်း ပုံတင်လို့မရအောင် ဖြစ်ပါတယ်။
အရက်တော့ မမူးတော့ဘူး။ ဒါပေမယ့် ရိုက်ထားတဲ့ ပုံက မူးနေတဲ့ ရုပ်နဲ့ ဖြစ်နေရင် Facebook ပေါ် မရောက်ရှိအောင် ဖြစ်ပါတယ်။ အင်မတန် စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ယင်းအတွက် လက်ရှိ Facebook မှာ အသုံးပြုနေတဲ့ မျက်နှာ ခွဲခြမ်းစိတ်ဖြာ လေ့လာ နည်းပညာကိုပဲ ထပ်မံ အဆင့်မြင့်တင်လိုက်ခြင်း ဖြစ်ပါတယ်။
လူတို့ရဲ့ မျက်နှာအနေအထားများကို တစ်ယောက်ချင်းစီ ကနေ လေ့လာ ယူထားပါမယ်။ သူတင်နေကျ
အရင်ပုံတွေကနေ ရမယ့် မျက်နှာအသွင်အပြင်ကို မှတ်ထားပြီး ကိုယ်တိုင်လိုက်တဲ့ နောက်ထပ် ပုံတစ်ပုံပုံက အရင်လို မဟုတ်ပဲ အရက်မူးနေတဲ့ ပုံစံ ပေါက်နေရင် ယင်းပုံကို တင်ခွင့်မပေးတာမျိုး ဖြစ်ပါတယ်။ မျက်နှာ တစ်ခုတည်းကို မက ပတ်ဝန်းကျင်ကိုလည်း လေ့လာပါအုံးမယ်။
ဒီတော့ Facebook ပေါ်မှာ ကိုယ့်ရဲ့ ဘော့စ်၊ အဖေ၊ အမေ တို့ ရှိနေလည် စိတ်မပူရတော့ ပါဘူး။ နောက်ထပ် နည်းပညာ ကတော့ Facebook ပေါ်မှာ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ လုပ်ဆောင်ချက် တွေပေါ်မှာ မူတည်ပြီးတော့ သူလိုချင်တဲ့ Update / News Feed တွေပဲ ပေးစေမယ့် နည်းပညာ ဖြစ်ပါတယ်။ ဒါပေမယ့် ယင်းဟာလည်း အသစ်တော့ မဟုတ်ပါဘူး။
Facebook က ယခု အသုံးပြုနေပြီးသား ဖြစ်ပြီး ယင်းထက် ပိုပြီးတော့ ဥာဏ်ရည်မြင့်တဲ့ နည်းပညာကို ကြိုးစားဖန်တီးခြင်း ဖြစ်ပါတယ်။ အနာဂတ်မှာ Facebook အနေနဲ့ လူသားတို့ အတွက် ဒီဂျစ်တယ် လက်ထောက်တစ်ခု အနေနဲ့တောင် ရှိအောင် ဖန်တီးမှာ ဖြစ်ကြောင်း သိရပါတယ်။

No comments:

Post a Comment

ad