Search This Blog

အားလုံးမင်္ဂလာပါ ဘလော့မှ ကြိုဆိုပါတယ်။

Kyaw Computer Services, Mobile Sales & Services

Kyaw Computer Services, Mobile Sales & Services

ad

Friday, February 20, 2015

မန်မာလူငယ်တွေ လုပ်နေကြပြီ ဖြစ်တဲ့ VR

ပြီးခဲ့တဲ့ Barcamp Yangon 2015 မှာ Google Cardboard နဲ့
ပက်သက်ပြီး ပြောသွားတာတွေ ကြားပြီးနောက် Google Cardboard VR ကို လူငယ် အတော်များများ စိတ်ဝင် တစား ပြုလုပ် လာကြတာကို တွေ့ရ ပါတယ်။
Google Cardboard VR ဆိုတာ ကဒ်ထူစက္ကူကို ကိုယ်တိုင်ဖြတ် မှန်ဘီလုံးတပ်လို့ ရှေ့မှာ စမတ်ဖုန်း မျက်နှာပြင် တပ်လိုက်ပြီး 3D Video များ ကြည့်လိုက်ရင် တကယ့်အပြင်မှာ လက်တွေ့ ကိုယ်ကိုယ်တိုင် ခံစားမြင်တွေ့ရတဲ့ အတွေ့အကြုံမျိုးကို ရရှိစေမှာ ဖြစ်ပါတယ်။ ငွေကြေးအားဖြင့် အကုန်အကျ မြန်မာကျပ် ထောင်ဂဏန်း ဝန်းကျင်တည်းနဲ့ ပြုလုပ်လို့ ရမှာ ဖြစ်ပါတယ်။ https://www.google.com/get/cardboard ကနေ ပြုလုပ်ပုံ အဆင့်ဆင့်ကို လေ့လာ ကြည့်နိုင် ပါတယ်။

သူ့ကို ဖျော်ဖြေေ ရးအတွက်တင် မက ပညာရေး အတွက်မှာပါ များစွာ အသုံးပြုနိုင် ပါတယ်။ ဥပမာ အားဖြင့် အရှေ့အလယ်ပိုင်းမှ နိုင်ငံတစ်နိုင်ငံဟာ စစ်ဖြစ်တဲ့ VR Video ကို ဖန်တီးပြီး ပြသရာ စစ်ကို ကြောက်ရွံ့ မလိုချင်စိတ်များကို ဖြစ်ပွားစေတာ ကြောင့် သင်ခန်းစာပေးတဲ့နေရာမှာ ထိထိရောက်ရောက် အသုံးပြုနိုင်ခဲ့ ပါတယ်။ ဆီးရီးယားမှာ ဒုက္ခသည် စခန်းများ အခြေအနေကို သိရှိအောင် ကုလသမဂ္ဂမှ VR Video ဖန်တီးပြီး ပြသခဲ့ရာ နိုင်ငံရေးခေါင်းဆောင်နဲ့ အလှူရှင်များကို ပိုပြီးတော့ သိသာမြင်သာ ရှိစေခဲ့ ပါတယ်။ ဒါကြောင့်မို့ Google Cardboard အပြင် အခြားသော VR ပစ္စည်းများကို နည်းပညာ လေ့လာရန် အတွက် လည်းကောင်း၊ ဖျော်ဖြေရေး အတွက်သောလည်းကောင်း၊ ပညာရေး အတွက်သော်လည်းကောင်း အစရှိသဖြင့် စွယ်စုံ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
သူ့ကို အသုံးပြုရန် နည်းလမ်းကတော့ ကဒ်ထူကို ကိုယ်တိုင် လုပ်ပြီး မိမိ အသုံးပြုတဲ့ စမတ်ဖုန်း (Android, iOS) များမှာ 3D Video ဇာတ်လမ်း၊ App, ဂိမ်းများ Download ဆွဲလို့ ကဒ်ထူ အရှေ့မှာ တပ်ဆင်ပြီး ကြည့်ရှု နိုင်မှာ ဖြစ်ပါတယ်။
Cardboard ကို ကိုယ်တိုင် မလုပ်ပဲ ဝယ်ရင်တောင် ဈေးကွက်ထဲမှာ မြန်မာကျပ် ၁သောင်း ဝန်းကျင်ပဲ ရှိပါတယ်။ မိမိမှာ စမတ်ဖုန်းရှိရင် Cardboard ရှိရုံနဲ့ 3D တွေကို ကြည့်နိုင်ပါပြိ။
ကိုယ်တိုင် လုပ်ကြည့်ချင် တာပဲ ဖြစ်ဖြစ်၊ အသုံးပြုချင်တာပဲ ဖြစ်ဖြစ်၊ ပညာ အသစ် အသစ်တွေကို လေ့လာချင်တာပဲ ဖြစ်ဖြစ် www.facebook.com/groups/myanmar.vr/ မှာ လေ့လာကြည့်နိုင်ပါတယ်။ Myanmar VR Community အဖွဲ့ တည်ထောင်သော လူငယ်များဟာလည်း အခကြေးငွေမယူပဲ ပရဟိတ နှင့် လေ့လာချင်လိုစိတ်၊ အချင်းချင်း အပြန်အလှန် ကူညီချင်စိတ်ဖြင့် တည်ထောင် ထားခြင်း ဖြစ်ကြောင်း သိရပါတယ်။

No comments:

Post a Comment

ad