Search This Blog

အားလုံးမင်္ဂလာပါ ဘလော့မှ ကြိုဆိုပါတယ်။

Kyaw Computer Services, Mobile Sales & Services

Kyaw Computer Services, Mobile Sales & Services

ad

Friday, February 20, 2015

လူငယ်တို့အတွက် ရည်ရွယ်တဲ့ ဈေးသင့်တင့် Samsung Galaxy A5 နှင့် A3

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း Samsung ဟာ မြန်မာပြည်မှာ ၎င်းတို့ရဲ့ စမတ်ဖုန်း
အသစ် ၂ မျိုးကို မိတ်ဆက်ပေးခဲ့ ပါတယ်။ ယင်းကတော့ Samsung Galaxy A5 နဲ့ A3 ပဲ ဖြစ်ပါတယ်။ လူငယ်ဈေးကွက်ကို အဓိက ရည်ရွယ်တဲ့ ယင်း စမတ်ဖုန်းဟာ ထူးခြားချက်များထဲက တစ်ခု အနေနဲ့ SIM Card နှစ်ကဒ် ထည့်နိုင်ခြင်း ဖြစ်ပါတယ်။ နောက်ထပ် ထူးခြားချက်ကတော့ သူ့မှာ အသုံးပြုထားတဲ့ နည်းပညာ အစိတ်အပိုင်းများက အဆင့်မြင့် စမတ်ဖုန်း တစ်လုံးမှာ မြင်တွေ့နိုင်တဲ့ အရာများ ဖြစ်ပြီး ဖုန်းရဲ့ ဈေးကတော့ အလယ်အလတ်မှာပဲ ရှိပါတယ်။ အရွယ် ၅ လက်မ ရှိတဲ့ A5 ဟာ ဆိုရင် ၃၉၅၀၀၀ (၃သိန်း၉သောင်း၅ထောင်) ရှိပြီး ၄.၅ လက်မ အရွယ် A3 ဖုန်းကတော့ ၂၉၉၉၀၀ (၂သိန်း၉သောင်း၉ထောင်၉ရာ) ကျပ် ဝန်းကျင် ကိုယ်စီ သာ ဈေးရှိပါတယ်။

ကင်မရာ အသားပေးတဲ့ စမတ်ဖုန်းများ ဖြစ်
ဖုန်းနှစ်လုံးဟာ ပါဝင်တဲ့ Spec အများစု တူညီပြီး အရွယ်ကြီးတာနဲ့ သေးတာပဲ ကွာခြားခြင်း ဖြစ်ပါတယ်။ လူငယ်ကို အဓိက ရည်ရွယ်တဲ့ စမတ်ဖုန်း ဖြစ်တာကြောင့် ဓာတ်ပုံ ကောင်းကောင်းရိုက်နိုင်အောင် အသားပေးထားခြင်းလို့ ဆိုပါတယ်။ A5 ဟာဆိုရင် ကင်မရာ 13 Megapixel ရှိပြီး A3 ကတော့ 8 Megapixel ရှိပါတယ်။ ၎င်းတို့ရဲ့ ရှေ့ကင်မရာအနေနဲ့ 5 Megapixel ပါဝင်နေခြင်း ဖြစ်ပါတယ်။ Wide Selfie, Rear-cam Selfie, Beauty Face Features အစရှိသဖြင့်တို့ ကင်မရာမှာ ပါဝင်ပါတယ်။
သတ္တု ကိုယ်ထည် အသုံးပြု
သတ္တု ကိုယ်ထည်ဖြင့် ထုတ်လုပ်တဲ့ စမတ်ဖုန်း Samsung မှာ သိပ်မရှိသေးပါဘူး။ Samsung Galaxy Alpha လောက်ကိုပဲ သတ္တု သီးသန့် ကိုယ်ထည်နဲ့ လူသိများလာပြီး ယခု နောက်ထပ် တစ်လုံး အနေနဲ့ Samsung Galaxy A3 နဲ့ A5 က ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကိုင်တွယ်အသုံးပြုရန် အကြမ်းခံမှုရော၊ အပူခံမှုရော ပိုမို ကောင်းမွန်လာမှာ ဖြစ်ကြောင်း ဆိုပါတယ်။
ဆင်းကဒ် နှစ်ကဒ် ထည့်နိုင်သောကြောင့်
ဆင်းကဒ် နှစ်ကဒ်ထည့် လို့ရတဲ့ feature က ထူးခြားပါတယ်။ ကဒ်တစ်ကဒ်ထည့်ရတဲ့ နေရာက SIM Card မထည့်ရင် memory card ထပ်စိုက်ရမယ့် နေရာ space လေး တစ်ခုလည်း ဖြစ်ပါတယ်။ memory card ကော၊ Sim Card ကော ဘယ်ဟာထည့်ထည့် အလုပ်လုပ်နိုင်အောင် ထည့်ထားတဲ့ နည်းပညာ ဖြစ်ပါတယ်။ GSM ဖုန်း ဖြစ်တာကြောင့် လက်ရှိ MPT, Telenor, Ooredoo ကဒ်များ အားလုံးနဲ့ အဆင်ပြေ ပါတယ်။ Nano Simcard ထည့်သုံးရမယ့် အမျိုးအစား ဖြစ်ပါတယ်။
ပါဝင်သော Specification အကြမ်းဖျဉ်း
1) Android OS 4.4 ကို အသုံးပြုထားကြ ပါတယ်။
2) ၅ လက်မ ဖုန်းက HD Super AMOLED မျက်နှာပြင်များ ဖြစ်တာကြောင့် အရည်အသွေး ကောင်းပါတယ်။
3) ၄.၅ လက်မ အရွယ်ဖုန်းကတော့ qHD Super AMOLED ကို အသုံးပြုပါတယ်။
4) အင်မတန် ပါးလျတဲ့ စမတ်ဖုန်းများ ဖြစ်ပြီး ဘက်ထရီ သက်တမ်းရှည်ပါတယ်။
5) A5 ဟာ RAM 2 GB ဖုန်းဖြစ်ပြီး 16 GB memory built in ပါဝင်ပါတယ်။
6) A3 ကတော့ RAM 1GB ပါ။
7) Storage memory အတွက်ကတော့ နှစ်ခုစလုံးမှာ ကဒ်ထည့်စိုက်နိုင်ပါတယ်။
8) ၂ခုစလုံးရဲ့ Processor များကတော့ Quad core ဖြစ်ပါတယ်။
9) 3G စမတ်ဖုန်းများ ဖြစ်ပြီး အင်တာနက် စွဲအား၊ လိုင်းစွဲအား၊ wi-fi စွဲအားများက နောက်ဆုံးပေါ် စမတ်ဖုန်းရဲ့ ပစ္စည်းများ အသုံးပြုထားတာကြောင့် ကောင်းမွန်ပါတယ်။ 10) ဘက်ထရီကတော့ ၅ လက်မဖုန်းမှာ ၂၃၀၀ mAh ပါဝင်ပြီး ၄.၅ လက်မ မှာက ၁၉၀၀ mAh ပါဝင်ပါတယ်။
ရိုးရာလေး မှတ်ချက်
သူက ဖုန်း အပေါစားလည်း မသုံးချင်၊ အကောင်းစားကျတော့လည်း ဈေးမနိုင် ပါဘူး။ စတိုင်ကျကျလည်း သုံးချင်ပါသေးတယ် ဆိုတဲ့သူများအတွက် အသင့်တော်ဆုံး ဖုန်းပါ။ ပြီးတော့ လက်ရှိ ပေါ်နေတဲ့ SIM Card တွေကို ဖုန်းတစ်လုံးတည်းနဲ့ အပြီးသုံးမယ် ကောင်းကောင်းလေးလည်းသုံးမယ် ဆိုတဲ့ သူများ အတွက်လည်း သင့်တော် ပါတယ်။ ၅ လက်မ အလုံးဆိုရင် ၃သိန်း၉သောင်း ဝန်းကျင်ပဲ ရှိပြီး ၄.၅ လက်မ အလုံးက ၂သိန်း၉သောင်း ဝန်းကျင်တာ ရှိတာကြောင့် အလားတူ spec ပါ အခြား တရုတ်ပြည်လာ စမတ်ဖုန်း များနဲ့ ယှဉ်ရင် ဈေးလည်း မကွာပါဘူး။ မြန်မာပြည်မှာ Samsung ကိုယ်တိုင် ရောင်းချနေတာ ဖြစ်ပြီး သူ့မှာ အာမခံတို့၊ ပြန်ပြင်စရိတ် သက်သာတာတို့လိုမျိုး အရည်အချင်းတွေပါဝင် တာကြောင့် ရွေးချယ်မယ်ဆိုရင် မမှားနိုင် ပါဘူး။

No comments:

Post a Comment

ad